12

2.5K 236 2
                                    

*********

အိပ်​​ပျော်​​နေပြီဖြစ်​တဲ့ က​လေး​လေး​ကြောင့်​ အ​ဆောင်​ကိုမ​မောင်း​တော့ဘဲ ကျ​တော့်​အိမ်​ကိုသာတမ်း​မောင်းလိုက်​တယ်​။ ဘာ​ကြောင့်​မှန်း​တော့မသိဘူး အမှန်​က ကျ​တော်​အ​ဆောင်​ကို ​မောင်းသင့်​တာမဟုတ်​လား။ ခုနက​ပြော​တော့ ဗိုက်​ဆာတယ်​တဲ့ အခုဖြင့်​အိပ်​​နေလိုက်​တာ ဆင်​​အော်​တာ​တောင်​ နိုးမယ့်​ပုံမမြင်​ပါဘူး။
ကျ​တော်​ ဒီက​လေးကိုအရမ်း အသည်းယားတာဘဲ။ အရင်က ​ကျ​တော့်​ကိုယ်​ကျ​တော်​ straight တစ်​​ယောက်​လို့​တော့ မသတ်​မှတ်​ပါဘူး။ gay လားဆို​တော့လည်း အဲ့လိုမဟုတ်​ဘူးဗျ။ ​ပြောရခက်​တယ်​​လေ။ ကျ​တော်​ ​ကျောင်းတက်​ခဲ့တာ နိုင်​ငံခြား မှာပါ။ Hotel နဲ့ ခရီးသွားလုပ်​ငန်း ကို သွား​လေ့လာခဲ့တာပါ။ အဲ့ဒါ​ကြောင့်​ ကျ​တော့်​မှာ အစွဲမရှိပါဘူး။ ဘာဖြစ်​ဖြစ်​ လက်​ခံနိုင်​ပါတယ်​။

ခင်​ဗျားတို့ ခန့်​မှန်းမိကြမှာပါ။ ကျ​တော်​ ဒီက​လေး​လေးကို သ​ဘောကျ​နေတယ်​ဆိုတာ။ ကျ​တော်​ က​လေးကိုစသိတာက အဲ့အ​ဆောင်​​ရောက်​ကတည်းကပါ။ သတိထားမိ​ပေမယ့်​ နှစ်​သက်​တယ်​ရယ်​လို့​တော့ မဟုတ်​ပါဘူး။ အဲ့ဒါက သူ့အကိုကျ​တော့်​အခန်း ​ပြောင်းမလာခင်​အထိပါဘဲ။

မှတ်​မိပါ​သေးတယ်​ သူကျ​တော့်​အခန်းကို ငိုမဲ့မဲ့ရုပ်​​လေးနဲ့ ဝင်​လာတဲ့ အချိန်​ကို။ ပါးစပ်​က​လေးကလည်း မနားမ​နေ ရွတ်​နိုင်​ပါတယ်​ဗျ။ ကျ​တော်​ သူရွတ်​​နေတာ​တွေ နား​ထောင်​ရင်းနဲ့ ပြုံးမိပါတယ်​။ အဲ့က​လေး​လေးက ဝင်​လာကတည်းက ကျ​တော့်​ ဖြစ်​တည်​မှုကိုမသိပါဘူး။ ​တော်​​တော်​​လေး ကြာမှ ကျ​တော့်​ဖြစ်​တည်​မှုကို သူသတိထားမိခဲ့တာပါ။

က​လေး​လေးက သူ့အကိုဆီအမြဲလာလည်​တက်​ပါတယ်​။ ပုံမှန်​ဆို ကျ​တော့်​အခန်းမှာ လူရှုပ်​​နေတာ ကျ​တော်​မကြိုက်​ပါဘူး။ ဒါ​ပေမယ့်​ သူလာတာကို​တော့ နှစ်​သက်​ပါတယ်​။ သူ့အကိုနဲ့သူ ​ပြော​နေတဲ့စကား​တွေ သူ့အမူအယာ​တွေ အဲ့ဒါ​တွေကိုတကယ်​နှစ်​သက်​ပါတယ်​။ တကယ့်​ကို က​လေး​ပေါက်​စ​လေးလိုပါဘဲ။ အပြစ်​ကင်းတယ်​ ဖြူစင်​တယ်​။

Love You (Zawgyi+ Unicode)Where stories live. Discover now