(Chap-1)

10.8K 250 19
                                    

"I found a love, for me
Darling Just dive ride in
Follow my lead
I found a girl.... With beautiful and sweet.
မိုးလေးများဖွဲဖွဲရွာနေသော နေ့တစ်နေ့ တွင်ဖြစ်သည်။
87 Bus ကားပေါ်တွင် မိန်းကလေးတစ်ယောက် နားကျပ်အဖြူလေးကိုတပ်ကာ ကားဘေးကမှန်လေးကိုခေါင်းမှီရ၍သီချင်း နားထောင်နေသည် မှာ ချယ်ရီကို ဟူသော မိန်းကလေးပင်။
မျက်လုံး လေးမှိတ် ကာသးချင်းနားထောင်နေသော ကိုကို ရဲ့ မျက်နှာလေးဟာ အလွန် ပင် ငြိမ်းအေးလှ သည်။
ဆံပင်ဂုတ်ဝဲလေး နှင့် ဖြူဖွေးနေသောအသားကိုလည်းပိုင်ဆိုင်ထားသူဖြစ်သည်။
ကိုကို သည်မိုးရွာသည်ကို မကြိုက်ပါ။ သို့ပေမဲ့မုန်းလားဆိုတော့လဲမမုန်းပါဘူး။ ယနေ့မှိးတေရွာနေပေမဲ့ အိမ်မှာနေရတာပြင်းတာကြောင့် British Council Library မှာစာဖတ်ရန်ထွက်လာခြင်းဖြစ်သည်။
သူကစာအုပ်ဖတ်ရတာတော်တော်ခုံမင်သူပါ။ FB မမှာ ရော wattpad များမှာစာများကိုအလွယ်တကူဖတ်လို့ရပေမဲ့ ကိုကို ကထိုအရာများကိုစာဖတ်တယ်ဟုမထင်။
လက် ထဲမှာစာအုပ်ကို ကိုင်၍ဖတ်ရမှ အားရသော ကိုကိုမှာ အခုခေတ် အမြင်နဲ့ဆိုအလွန်ထူးဆန်ူပါသည်။ Facebook instagram စတာ တေလည်းမသုံးပါ။ အဓိကက သူငယ်ချင်းမရှိတာပါ သူငယ်ချင်း မရှိသလို အနေကလည်းတည်တော့သူငယ်ချင်းအသစ်လည်းမတိုးလာပါ မှိုတက်နေသော facebook acc တစ်ခုမှာလည်း လှည့်၍ပင်ကြည့်ခြင်းကိုမခံရပေ။
အခုကိုကိုဟာ DU မှာ final year psycho(အဝေးသင်) နှင့်ကျောင်းပြီးပြီးသားပါ။ လူတစ်ယောက်ဘဝရဲ့ အပျော်ရွင်ဆုံးအချိန် တေမှာတက္ကသိုလ် ဘဝ ပဲဖြစ်သည်။ သို့ရာတွငါ ကိုကို အတွက်တော့အဲ့စကားကမှားခဲ့တယ်ဟုဆိုရမလိုလိုပင်ဖြစ်နေသည်။ သူဆင်းရမဲ့ကားမှတ်တိုင်က ဂိတ်ဆုံးပဲဖြစ်သည်။ ကားမှတ်တိုင်ကိုလည်းရောက်ရော ကံတစ်ရားကသူ့ဖက်ပဲရောက်နေသည်။ ကားပေါ်မှဆင်းကာBC(British Council) ရှိ ရာကမ်း နားလမ်းသို့လမ်းလျှောက်လာခဲ့သည်။ သူBus ပေါ်ကဆင်းတဲ့ဂိတ်ဆုံးနေရာ က ဆူးလေမှာပါ။
ကမ်းနားလမ်းအထိသွားရမှာ အတော်ကိုလှမ်းပါ တယ် လမ်းလျှောက်ရတာလည်း မိန်းကလေးတစ်ယောက်အတွက်ဆိုအကွာအဝေး ကမနည်းလှပါ သို့ပေမဲ့ကိုကို့အတွက်တော့ဒါတေဟာအထူးအဆန်းမဟုတ်ပါ RK တစ်ယောက်မဟုတ်သည့်အတွက် ငယ်ငယ်တည်း ကဟိုနားဒီနားဆို လမ်းလျှောက်နေကြဖြစ်သည့်အတွက် သူ့အတွက်ကတော့မထူးဆန်းတော့ပါ။
Style pants အကျပ်လေး နှင့် sneaker အဖြူလေးကို စီး ကာ အပေါ်ပိုင်းက Shirt အကျီင်္ အဖြူ ဆလးကိုလက်ခေါက်ကာဝတ်ဆင်ထားသည်။ ရိုးရိုးလေးနှင့်လှနေသော ကိုကို့အား ယောက်ျား လေးများ အသာထားမိန်းကဘေးအချင်းချင်း တောင် ငေးလောက်၏။
နောက်ဆုံးတော့ကမ်းနား လမ်းရာက်ပြီဖြစ်လို့ BC နဲ့တော့အတော်နီး နေပါပြီ။ BC အဝင်ဝရောက်တော့ အဝမှာရပ်နေတဲ့ security အမကြီးက ကိုကို့ ကိုနှုတ်ဆက်လိုက်သည်"ညီမလေးစာလာဖတ်တာလား"
"ဟုတ်အမ" ထို့နောက် "ကျောပို့အိတ်လေးစစ်မယ်နော်ညီမလေး" ရင်းနီးပြီးသားဖြစ်သေည်လည်းရင်းနီးတာကရင်းနီးတာ တာဝန်ကတာဝန်သတ်သတ်ပဲလေ ကိုကို သူ့ကျောပိုးအိပ်အသားရောင်လေးကို စစ်ဖို့ခုံပေါ်တင်ပေးလိုက်သည်။ ထိုအမကြီး ကကိုကို့ကျောပို့အိတ်ကိုဖွင့်စစ် ပြီး အိတ်လေးကို zip ကာပြန်ပိတ်ပေး သည်။
ထို့နောက် scanner ဖြင့်ကိုလုံးကိုစစ်ပြီး "ဝင်လို့ရပြီနော်ညီမလေး"ဟုလက်တစ်ဖက်ကကျော့ပို့အိတ်လေးကိုလှမ်းပေးပြီးပြောလိုက်သည်။ ကိုကိုလည်း မှန် တံခါးလေးတစ်ဖက်ကိုတွန်းဖွင့်ပြီး BC ထဲသို့ဝင်ခဲ့သည်။
BC အထဲရောက်တော့ reception ကိုကျော်ပြီး Library ထဲကိုဝင်လိုက်ပါတယ်။
Library ထဲကိုရောက်တော့ကိုကိုတစ်ရောက် နှစ်ခမ်းလေးတွန့်ကာ အနည်းငယ်ပြုံးလိုက် သည်။ သူကာတိတ်ဆိတ်တာကိုနှစ်သက်သူပါ ဒါကြော င့် ပြုံးမိလိုက် ခြင်း ဖြစ်သည်။ Library ကိုရောက်သည်နှင့် စာဖတ်စားပွဲပေါ်တွင်သူ့ရဲ့အသားရောင်ကျောပိုးအိပ်လေးကိုတင်လိုက် သည်။ ထို့နောက် အိမ်ကိုငှာ သွားရန်စာအုပ်များကို အရင်ရွေး ကာ ငှား ပြီး အိတ်ထဲ ထည့်လိုက် သည်။ ပြီး မှထိုင်ဖတ်ရန် ဝတ္ထု နှစ်အုပ်လောက်ကို အချိန်အတော်ကြာရွေးနေသေးသည်။ ကမ္ဘာ့သမိုင်း ကို fav ဖြစ်ဆုံးသာသူမအတွက် သမိုင်းစာအုပ်လေးတစ်အုပ်ရပြီဆိုတော့ သူတစ်ချက်ပြုံးသွားပြီး စာဖတ်ရန်ခုံလေးသို့ပြနာသွာသည်။ ကိုကို ကအင်္ဂလိပ်စာကိုတော်တော်ကျွမ်းကျင်ပါတယ်။ သူက BC မှာသင်တန်းလည်းတက်ဖူးသလို IELTS လည်းအောင်ပြီးသားဖြစ်လို့ပါ။ ဒါကြောင့် မြန်မာလိုပင်ဖတ်ရနာခက်ခဲလှသော သမိုင်းစာအုပ်မှာသူ့အတွက်တော့သာမာန်စာအုပ်တစ်အုပ်ပါပဲ။
"ဘုန်း" ကိုကိုစာဖတ်နေစဉ်ကိုကိုဘေးနားမှရောက်လာသောတစ်ယောက်က သူရဲ့ကျောပိုးအိတ်ကိုသူစာဖတ်နေတဲ့စားပွဲပေါ်သို့ပစ်တင်လိုက်သည်။ ကိုကို တစ်ချက်လန့်ကာတွန့်သွားသည်။ စာဖတ်နေတဲ့အချိန်မှာ ဘေးနားကအသံတစ်ခုခုကြားရလျှင် စာဖတ်တာ feel ပျက် သည်။ကိုကိုမကြိုက်ပါ။ လူပဲလေဒေါသဆိုတာတော့ရှိတာပေါ့။ ကိုကိုမျက်မှောင်ကျုတ် ကာထိုလွယ်အိတ်ပိုင်ရှင်ကိုတစ်ချက်ကြည့်မိလိုပ်တော့။
မိန်းကလေးတစ်ယောက်ဖြစ်နေသည်။ အရပ်ခပ်ရှည်ရှည် အသားဖြူဖြူ နှင့်။ သူ၏ဆံပင်များမှာ ခါးလည်လောက်ထိရှိသည်။ တီရှပ်အဖြူကို ဂျင်း စကပ်(အာသာ အဲ့တာကိုဘယ်လိုခေါ်လည်းမသိလို့ ပုခုံးမှာကြိုးလေးတင်ပြီး ဝတ်တဲစက်လေးကိုပြောတာပါ sry နော် reader တို့😅) လေးနှင့်အသက် 25ဝန်းကျင်လောက်ရှိမည့် မိန်းမလှလေးတစ်ယောက်ဖြစ်နေသည်။
" ဒုတ် ဒုတ် ဒုတ်" ငါ့နှလုံး ခုန် သံတေမြန်လာတာပဲဘာဖြစ်တာပါလိမ်။ " Sorry နော်ညီမ စာဖတ်နေတာအာရုဏ်ပျက်သွားတာ လား အမကရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး"
"အော်ရပါတယ်အမ ကျမကစိတ်အနှာက်အရှက်မဖြစ်ပါဘူးအမ" အစကတော့စကားကိုအကောင်းပြော
ဖို့အစဉ်းစားထားပါဘူး(အကောင်းမပြောဘူးဆိုတာရန်ထဖြစ်မှာကိုပြောတာမဟုတ်ပါဘူး ဒီအတိုင်တိတ်တိတ်ဆိတ်ဆိတ်ပဲနေလိုက်မှာကိုပြောတာပါ) ဒါပေမဲ့ဘယ်လိုလုပ်ပြီးစကားတေချိုချိုသာသာထွက်သွားတယ်ဆိုတာကိုကို စဉ်းစားမရပါ။
ထို့နောက်အပြန်အလှန်ပြုံးပြပြီး စာ အုပ်ကိုသာပြန် ကြည့်နေမိသည်။ မျကလုံ်းကသာစာအုပ်မှာ စိတ်ထဲကတော့ သူဘာဖြစ်လို့ရင်တေခုန်နေလည်းဆိုတာသူစဉ်းစားနေမိသည်
"ခုဏကအမကြောင့်များလား" "ဟာ ငါဘာတွေတွေးနေတာ လည်း စာပဲပြန်ဖတ်တော့မယ်" စာဖတ်တော့မယ်ဟုဆုံးဖြတ်ချက်ချလိုက်သော်လည်း ဘေးနားမှာ ခုဏကအမများရှိမလားဆိုပြီးညာဘက်ကလေးကိုမသိမသာကြည့်မိလိုက်ပြန်သည် "မြန်လိုက်တာဟာ သူပြန်သွားပြီလားမသိဘူးမရှိတော့ဘူး" စိတ်ထဲမှာသူပြန်သွားတာကိုမတွေ့လိုက်ရသဖြင့် စိတ်ထဲတော့မကောင်းသလို "ငါဘာတေဖြစ်လို့အဲ့အမအကြောင်းအဲ့လောက်တောင်တွေးနေရတာလဲ"ဆိုပြီး သူ့အကြောင်းစဉ်းစားတာကိုရပ်လိုက်တယ်။ စာကိုလည်းစိတ်မပါတော့တာမို့စာအုပ်ကိပြန်ထားပြီးကျောပိုးအိတ်ကိုလက် တစ်ဖက်လျိုသွင်းပြီးလွယ်ကာ အိမ်ပြန်ရန်အပြင်သာထွက်လာခဲ့သည်။ နာရီလေးကိုငုံကြည့်လိုက်တော့ 3နာရီထိုးနေပြီ ပုံမှန်ဆိုလေးနာရီမှပြန်ပေမဲ့ ဒီနေ့စာလည်းစိတ်မပါတော့တာမို့စေစော ပဲ ပြန်လိုက်တော့သည်။ ညနေဘက်ရောက်တော့ bus ကားကလည်းကျပ်နေပြီဖြစ်တာကြောင့် Taxi သာငှားပြန်မည်ဟုစဉ်းစားကာ သူ့ရဲ့ I phone 5 အသေးလေးကနေ grab ခေါ်လိုက်သည်။ မြောက်ဒဂုံကိုမြို့ထဲကငှားတာမို့ 6000 ပေးရ၏ ကားလာတော့ကားရဲ့နောက်ခုံမှာပဲလွတ်လွတ်လတ်လတ်ထိုင်ကာ ငှား ထား သောစာအုပ်ကိုကားပေါ်တွင်ဖတ်ရန် ကျောပိုးအိတ်ကိုဖွင့်ထုတ်လိုက်စဉ်
"ဟာာာာ"ကိုကိုတစ်ချက်အ သွားသည်။ "ဒါဒါ တေ" ကျောပိုးအိတ်ထဲမှာ သူငှားလာတဲ့စာအုပ်တေမဟုတ်ပဲ Lesbian Romance စာအုပ်များ "ငါဒါမျိုးတေမငှာပါးဘူး ဘာတေလဲ" ကိုကို စိတ်ရုပ်သွားသည် ဘာတေဖြစ်သွားမှန်းသူလည်းနား မလည်။ သူ့ကျောပိုးအိတ်ကိုတစ်ချက်ပြန်ကြည့်တော့ သူအမြဲဘယ်ကျောပိုးအိတ်ပြောင်းပြောင်းချိတ်လေ့ရှိတဲ့ အညိုေ၌ာင်ဝက်ဝံရုပ်လေးမပါတာမို့ သူ့ကျောပိုးအိတ်အဟုတ်မှန်း သေချားသွားသည်။ ပြီးတော့မှသူကျောပိုးအိတ်ကိုထပ်ရှာတော့ Library ထဲမှာ သူတွေ့ခဲ့တဲ့ မမ ရဲ့library member card လေး "library တုန်းကသူ့ဘေးနားမှာထိုင်တဲ့ မမကသူနဲ့ကျောပိုးအိတ် brand ရော အရောင်ရော တူနေမှန်းသူပြန်သတိရမိ၏။ "ဒါဆိုသူနဲ့ငါအိတ်မှားသယ်လာတာပေါ့ဖြစ်မှဖြစ်ရလေ"ထို့နောက်ကိုကိုတစ်ခုစဉ်းစားမိလိုက်သည်။ "အမ အဲ့ဒီအမက ဒီစာအုပ်တေဖတ်နေတာပေါ့ ဟာာာ" ကိုကိုသူ့ပါးစပ်သူလက်နဲ့အုပ်မိလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါငါနဲ့မှမဆိုင်ပဲ"။ ပြီးတော့ကိုကို library ကိတ်ထဲကမမရဲ့ နာမည်လေးကိုဖတ်ကြည်လိုက်တော့ " မေဆောင်းသွင်တဲ့လား လှလိုက်တဲ့နာမည်လေး" "အို... ငါဘာတေတွေးနေတာလဲ" ဘာပဲဖြစ်ဖြစ်ထိုမမနှင်ထပ်တွေ့ပြီးကျောပို့အိတ်လှဲ ရဦးမည်။ ထိုကဲ့သို့လှည်းရမည်ကို ကိုကို ၏မသိစိတ်လေးက ပျော်နေသည်ကို သူကိုတိုင်ပင်မသိချေ။

Chapter 2
Cometh Soon

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါလေးကကျွန်တော့ရဲ့ပထမဦးဆုံး ficလေးဖြစ်လို့သည်းခံပြီးဖတ်ပေးပါ အမှားရှိရင်လည်း cmt မှာပြောနိုင်ပါတယ် အထူးသဖြင့်စာလုံးပေါင်းအမှားလေးတေကိုသည်းခံပေးပါနော် ဒီထိဖတ်ပေးလို့ကျေးဇူးကမ္ဘာပါ နောက်အပိုင်လေးလည်းဖတ်ပေးပါဦးနော်

Internal SkyWhere stories live. Discover now