မနက်ခင်းတစ်ခုမှာပေါ့ သာယာတဲ့မနက်ခင်းတော့မဟုတ်ခဲ့ပါဘူး။ ကောင်းကင်မှိုင်းညို့ညို့ကြီး ကတကယ်ကြီး ငိုတော့မဲ့ပုံပေါက် နေတယ်။
မြေကြီးလက်ခတ်ရင်တောင်လွဲပေဦးမည်။ မိုးကတော့ရွာချမှာမလွဲ ပါ
"ဝေါ........... "
မိုးကတော့ရွာချလေပြီလေ
ကိုကိုကတော့ထုံးစံအတိုင်း စာအုပ်လေးတစ်အုပ်ကိုကိုင်ပြီး ဧည့်ခန်းထဲမှာ စာအုပ်လေးကို ကိုင်ပြီးစာကို စိတ် ဝင်တစ်စားဖတ်နေလေသည်။ စာအုပ်လေးကို အသားဖြူလွန်းသောကြောင့် သွေးကြော လေးတေပါပေါ်နေသောလက်သွယ်သွယ် လေးများနဲ့ တစ်ရွက်ချင်းလှန်ဖတ်နေတယ်။ မျက်နှာလေးမှာလည်း နှု တ်ခမ်း ပါးပါး လေးက ပေါ်လွင်ထင်ရှား နေသည်။ နှုတိခမ်းနီမဆိုးပဲ ရဲနေသည့်နှုတ်ခမ်းလေးများ (sting အနီသောက်ထားတာ😂😂) နှင့် ယောက်ျား မပြောနှင့်မိန်မချင်း တောင်ငေးရသည့် အလှကိုပိုက်ဆိုင်ထားသူ။
မိုးကအလွန်ရွာနေသောအချိန်မှာ coffee ခွက်လေးနှင့်စာအုပ် ဖတ်ကာ ဇိမ်ကျနေသော ချိမ။
"ဒေါက်ဒေါက်ဒေါက်"
သူ့ရဲ့အာရုဏ်တေကို ထိုတံခါးခေါက်သံကြီးကဖျက်ဆီး လိုက်သည်။"ဟာကွာစာဖတ်လို့ကောင်းရင်လုပ်ပြီ"
တံခါးဖွင့်ရန်ထတော့မှစိတ်ထဲမှာ အတွေးတစ်ခုပေါ်လာသည်။
/ဒါဘယ်သူလဲမသိဘူး မဟန်နီကလည်း ဒီအချိန်ပြန်ဘာလေ့မရှိပါဘူး/ စဉ်းစားရင်းတံခါးရှိရာဆီသိုခြေလှမ်း ကဦးတည်နေသည်။
တံခါးနားရောက်တော့ သူ့စိတ်ကဒွိဟ တစ်ချက်ဖြစ်သွားခဲ့သည်။
/ငါကတစ်ယောက်တည်းနေတာ တိုက်ကလူတေလည်း ဒီအချိန်ဆိုအလုပ်သွားကြပါကြ နဲ့မရှိကြဘူး မဟန်နီမဟုတ်ပဲတစ်ခြား မဟုတ်တစ်ရုတ်လုပ်မဲ့လူဆိုဘယ်လိုလုပ်မလဲ/
ဟုတွေးမိလိုက်ပေမဲ့ သူ့လက်ကတော့ တံခါး လက်ကိုင်ကို ဖွင့်မိ လိုက်ပြီ။တံခါးကိုဖွင့်ဖွင့်ခြင်း မြင်လိုက်ရတဲ့အရာတစ်ခုက တော့ ကိုကို့ကို ပါးစပ်အဟောင်း သားဖြစ်စေခဲ့သည်။
ကိုကိုနှင့်သက်တူရွယ်တူလောက်ရှိမည့် ယောက်ျား တစ်ယောက်
တစ်ကိုယ်လုံးလဲရေတေရွဲစိုလို့
ဆံပင်များမှာ လည်းရေတွေစိုပြီး အောက်ကိုတောက်စကာတောက်စက်တောင်ကျ နေသေး သည်။
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...