(Chap-30)

1.8K 153 4
                                    

          ထူးထူးတစ်ယောက် အိမ်ထဲမှာတစ်ယောက်ထဲထိုင်မရထမရတွေဖြစ်နေလေသည်

သူ့သူငယ်ချင်းဒါစင်ပြောသွားသောစကားများကိုလည်း နားထဲကိုပဲ့တင်သံကဲ့သို့ပင်ထပ်ခါထပ်ခါရောက်လာနေသည်

ကုတင်ပေါ်ကိုပစ်လှဲချလိုက်ပြီး
အတွေးပေါင်းစုံကိုတစ်ပြိုင်တည်းစဉ်းစားနေမိသည်

"ကိုကိုနဲ့ငါနဲ့ကမကြာခင် လက်ထပ်ရတော့မဲ့သူတွေပါ
ဒါပေမဲ့ သူကဘာဖြစ်လို့လက်ထပ်ဖို့ကို အချိန်တွေခဏခဏကြီးကိုဆွဲနေရတာလဲ"

ဘယ်လိုနည်းနှင့်ပဲစဉ်းစား စဉ်းစားနောက်ဆုံးထွက်လာတဲ့ရလဒ်တွေက
သူ့အတွက် Negative များသာထွက်လာလေသည်
ထူးထူးခေါင်းတွေရှပ်လာပြီး သူ့ရဲ့ဆံပင်တွေကို လက်တစ်ဘက်နဲ့ဖွလိုက်သည်

"ငါဘာလုပ်ရမှာလဲ ကွာ အခုရာငါဘာတွေတွေးနေတာလဲ

ငါကိုကိုနဲ့လက်ထပ်မဲ့အကြောင်းကိုပြောလိုက်တိုင်း သူကစကားလမ်းကြောင်းတွေလွှဲလွှဲသွားတယ်
သူ့ကိုကြည့်ရတာလည်း အဆင်ပြေတဲ့ပုံပေါမနေဘူး"

ထူးထူလည်းစဉ်းစားရင်းစဉ်းစားရင်းနှင့်လူကအရူးတစ်ပိုင်းဖြစ်နေပြီ
အစကတော့ ဒီအတိုင်းနေနေပေမဲ့ အိမ့်ဒါစင်ရဲ့စကားတွေဟာ သူ့ကိုစဉ်းစားမိအောင်တိုက်တွန်းနေခဲ့လေသည်
"သူငါ့ကိုမချစ်လို့များ လက်မထပ်ချင်လို့များအချိန်တွေဆွဲနေရတာလား"

နောက်ဆုံးတော့ထူးထူး သူ့ဘေးမှာချထားတဲ့ Phone ကိုကောက်ကိုင်လိုက်ပြီး ကိုကို့ကို မျက်နှာချင်းဆိုင်စကားပြောရန် ချိန်းလိုက်မည်ဟုသာဆုံးဖြတ်ချက်ချလိုက်လေသည်

"ဟဲလို"
တစ်ဖက်ကကိုကို့အသံကိုကြားလိုက်ရသည်နှင့်ထူးထူးစကားများကိုရေပက်မဝင်အောင်ပစ်ထည့်တော့သည်

"ကိုကို နင်နောက်နာရီဝက်လောက်အတွင်း ငါတို့နားက Cafe 47 ကိုလာခဲ့နိုင်မလား ငါနင်နဲ့အေးအေးဆေးဆေးစကားပြောချင်လို့ပါ"

"အင်းရပါတယ် ဘာဖြစ်လို့.... "
ကိုကို့စကားတောင်မဆုံးသေးထူးထူးဖုန်းချသွားလေသည်

ကိုကိုကတော့ဖုန်းလေးကိုင်ပြီးကြောင်အမ်းအမ်းနှင့်
"ဘာလားဟ သူပဲဆက်တယ်ပြောချင်ရာပြောပြီး ဖုန်းကိုအသည်းအသန်ကြီးတွေချသွားတယ်"

Internal SkyWhere stories live. Discover now