အခန်းရှေ့ရောက်တော့ ထူးထူး ကအခန်းနာပါတ်ကို အသေ အချာကြည့် ပြီးအခန်းတံ ခါးခေါက်လိုက်သည်
ခဏအကြာမှာ အထည်းက ဦးညီ တံခါးလာဖွင့်ပြီး
"အော် သွင်လေး ကိုဆေးရုံလိုက်ပို့ပေးတဲ့ကောင်လေးပါလား"
"ဟုတ်ကဲ့ ဗျ ကျွန်တော်ဒီအတိုင်း လမ်းကြုံတာ နဲ့ဘယ်လို အခြေအနေရှိ လဲ သတင်းလာမေးတာပါ"
"အော်သမီးကတော့ အိပ်နေတယ် ဒါပေမဲ့ သားနဲ့သမီး ဝင်ဦးလေ အထဲကို"
ကိုကိုလည်းဘာမှန်းမသိဘဲ ကြောင် တောင်တောင်လေးဖြင့် ထူးထူး နောက်သာလိုပ်ခဲ့လေသည်
ဆေးရုံ အခန်းထဲကိုရောက်တော့ အခန်းထဲက sofa ပေါ်မှာ ကိုကိုအသာ ထိုက်လိုက်ပြီး
အိပ်မောကျနေသော လူနာ ကိုကြည့်လိုက်သည်
"ဟာာာာာာ........ 'မ' "
ကိုကို ဟသွား သောသူ့ပါးစပ်သူလက် နဲ့ပိတ်လိုက်မိသည်
"ကိုကိုဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူးဟာ"ထူးထူးသတိထားမိမည်စိုး၍ မုသား အနည်းငယ်သုံးလိုက်ခြင်းသာ
"သား ဟိုနေ့က သမီးအသက်ကိုကယ်ပေးလို့ ကျေးဇူးပါကွာ"
"ရပါတယ်ဦး ကျနော်က ဒီအတိုင်းပဲ အရှေ့မှာ ဒုက္ခရောက်နေတာတွေ့လို့ကူညီလိုက်ရုံပါပဲ"
"ဘာပဲဖြစ်ဖြစ်ပါကွာ ကျေးဇူး တင်ပါတယ် သူအစားရောပေါ့ အခုတော့သူကအိပ်နေတော့မနိးတော့ဘူးနော်
ဒါနဲ့ မင်းတို့ နာမည်က? ""ကျွန်တော့နာမည်က ပိုင်ထူးခိုင်ပါ ထူးထူးလို့ပဲခေါ်လို့ရပါတယ် သူကတော့ ကျနော့ရဲ့......
ထူးထူး ကျွန်တော့ချစ်သူဟုပြောရန်စဉ်းစားပြီးမှ ကိုကိုမကြိုက်မည်စိုးမည့်အတွက်
.....သူငယ်ချင်း ချယ်ရီကိုပါ"
"အော်အေးအေး ဦးနာမည်ကတော့ ဦးညီအောင်ပါ
စကားမစပ်မင်းတို့ကိုဧည့်ခံစရာတော့မရှိဘူးကွ""ဒုက္ခမရှာပါနဲု့ဦး ကျနော်တို့က လူနာကိုသတင်းလာမေးရုံပါ
ဦးသမီးအခြေအနေဘယ်လိုရှိလဲ
သက်သာသွားပြီလား"
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...