(Chap-23)

1.5K 120 8
                                    

လေအေးလေးတွေ တိုက်ခတ်နေရင်း နဲ့
သစ်ပင်ရှိသစ်ရွက်ကလေးများ ကလည်း လေတိုက်ရာဘက် ကိုညွှန်ပြနေသည်
ရန်ကုန်မြို့မြို့လည်ကောင်တည့်တည့်တွင် လည်း ညနက်နေပြီဖြစ်သဖြင့် တစ်နေကုန်ပြေးဆွဲနေသော YBS ကားများပင် မရှိတော့ပေ

အခန်းထဲ ကနေလှမ်းမြင်နေရတဲ့လမင်းကြီး ကိုကြည့်ရင်းနဲ့ အခန်းထဲသို့ဝေ့ဝဲ ဝင်လာသောလေကလေးက သူ့ရဲ့ မျက်နှာပေါ်မှာကျနေတဲ့ ဆံပင်လေး လေနဲနဲလွင့်သွားခဲ့သည်
ထိုသူရဲ့ မျက်နှာပေါ်မှာ ခြောက်သွေ့နေသောနှုတ်ခမ်းတစ်စုံနှင့် မျက်တွင်းပင်ကျနေသော မျက်လုံးတစ်စုံ
သွေးတောင်သိပ်မရှိတော့ သလိုဖြူပက်ဖြူယော်မျက်နှာ ကလေးက ကိုယ်ခံအား မရှိတော့သည့် အသွင်ဆောင်နေလေသည်

သူကုတင်ပေါ်ကနေလမင်းကြီး ကိုကြည့်နေရင်းကနေ အခန်းတွင်းသို့မျက်စိ ဝေ့ရမ်းလိုက်သည်
သူ့ရဲ့ကုတင်ပေါ်မှာ ခေါင်းမှောက်အိပ်နေသော ဦးညီတစ်ယောက်
သွင်နှုတ်ခမ်းတွန့်ချိုးပြုံးလိုက်ပြီး နာရီကို မျက်လုံးရောက်သွားခဲ့သည်
လက်တံတိုက 2ကိုညွှန်ပြနေပြီး လက်တံရှည်က 12တည့်တည့်ကိုညွှန်ပြနေသည်

/2 နာရီတောင်ထိုးပြီပဲ/ စိတ်ထဲ ကတော့တွေးရင်း
သူ့ရဲ့ Drip ချိတ်ထားတဲ့လက်ကလေးနှင့် မီးအိမ်အောက်မှာ ချထားတဲ့သူ့ရဲ့ဖုန်းကိုလှမ်း ယူလိုက်သည်

ဖုန်းထဲက Messenger လေးကိုဖွင့်လိုက်ပြီး မီးစိမ်းနေတဲ့ သူ့ရဲ့ acc လေးကိုဝင်လိုက်ပြီး Type Messager မှာသူ့ကိုယ်သူအားတငပြီးရေးလိုက်တယ်

"ငါအမှန်လုပ်ခဲ့တာလား အမှားလုပ်ခဲ့တာလား မသိခဲ့ပေမဲ့ အဲ့ဒီကိစ္စအတွက် ငါအမှားတစ်ခုလိုခံစားနေရတုန်းပဲ
ငါတကယ်ပဲမှားခဲ့တာလား ဆိုတာ ကိုတော့ငါခုထိမသိသေးဘူး
အစက မင်းအမ ကိုအိမ်လေးအတွက်လက်စားချေချင်လို့လုပ်ခဲ့မိပေမဲ့ ငါလုပ်တာ နည်းလမ်းများမှားသွားခဲ့ပြီလားလို့တွေးခဲ့ဖူးတယ်
မင်းကို စစတွေ့ချင်းနေ့ကတည်းက ငါ့ညီမလိုဖြစ်အောင် နင့်ဆီကအချစ်ကိုရအောက်ယူပြီး မင်းကိုနောက်ဆုံးအသည်းခွဲဖို့လုပ်ခဲ့တာ
ဒါပေမဲ့ မင်းနဲ့တွေ့ပြီး မင်းကိုငါ့ညီမလုံခံစားရအောင်လုပ်ခဲ့တဲ့နေ့ ငါတို့ rollar costar စီးတဲ့အချိန်မှာ ငါ့ရဲ့စိတ်ကိုမင်းပြောင်းသွားအောင်လုပ်ခဲ့တာ
ငါ့အတွက် မင်းစိတ်ပူပေးနေတာကိုကြည့်ပြီး ငါ့ရင်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး
ငါမျက်ရည်တောင်ကျခဲ့တာ"
ရေးရင်းနဲ့ သွင့်ရဲ့ပါးပေါ်ကမျက်ရည် တွေ စီးကျလာပြီး ညာဘက်ရင်ဘက်အောက်နားကလည်း တစ်ဆစ်ဆစ် နာကျဉ်လာခဲ့သည်
သို့ပေမဲ့ သူ့ရဲ့လက်ချောင်းတွေကတော့ စာကိုသာဆက်ရေးနေသည်

Internal SkyWhere stories live. Discover now