ဆိုင်ထဲရောက်တော့ ဆိုင်ထောင့်လေးကနှစ်ယောက်ထိုင်စားပွဲလေးမှာထိုင်နေတဲ့ "မ" ကလက်လှမ်းပြတာ ကိုတွေ့လိုက်ရသည်။
"မ"မ လို့တိုးတိုးလေးရေရွတ်ရင်း မထိုင်နေတဲ့ စားပွဲလေး ကိုသွား ပြီး မရဲ့ရှေ့တည် တည့်မှာ ထိုင်လိုက်သည်။ ရင်ဘတ်ထဲမှာ တော့ သံစုံတီးဝိုင်းက မ နဲ့တွေ့ကတည်း ကစတီးမှုတ် နေကြတာပါ။
ခုံမှာထိုင်လိုက်တော့ "မ"က အပြုံးလေးနဲကြိုဆိုသည်။ ပြီးတော့မှ နှုတ်ခမ်းပါးလေးမှ
" ထိုင်ညီမ"
"ဟုတ်ကဲ့ အမ""မ မေ့နေတာ ဟိုနေ့ကဖုန်းပြောတော့ညီနာမည်မမေးလိုက်ရဘူး"
"အော်ဟုတ်သားပဲ ညီမနာမည်က ချယ်ရီကို ပါ"
"နာမည်လေးကလှလိုက်တာ""အမမေဆောင်းသွင် နာမည်ကပိုလှတာပါ ဟီး"
သွားလေးဖြီးကာသွားတက်လေးပေါ်အောင်ပြောလိုက်မိသည်။"မေဆောင်းသွင်လို့ခေါ်ရတာရှည်ပါတယ်ကွာ တစ်ခြားတစ်မျိုးပြောင်းခေါ်ပါလား"
"ညီမက "မ"ကိုဘယ်လိုခေါ်ရမှာလဲ မရဲ့" သူ"မ"လို့ခေါ်မိလိုက်သောကြောင့်သူ့ပါးစပ်သူလက်ကလေးနဲ့အသာပြန်ပိတ်မိ၏
/ဒေါ်ချယ်ရီကိုနင်ကတော့လုပ်ချလိုက်ပြန်ပြီဟ/စိတ်ထဲမှာတော့ ကိုယ့်ဘာသာကိုတွေးရင်း။"ညီမကအမကို "မ" လို့ခေါ်လိုက်တာလား"
"အယ်... မ.... မဟုတ်ပါဘူး အမက အမဘာသာဆို "မ"လို့ပြောလေ့ပြောထရှိလို့ခေါ်မိလိုက်တာပါ""အဲ့တာလေးလဲမဆိုးဘူးနော် ညီမ အမ ကို "မ"လို့ပဲခေါ်လို့ရပါတယ်"
"ဟုတ်ကဲ့"မ" "
ရင်ထဲမှာမြိုသိပ်ထားတဲ့အရမ်းခေါ်ချင်ခဲ့တဲ့စကားလုံးတစ်လုံးဟာ အခုတကယ်ခေါ်ခွင့်ရခဲ့သဖြင့် ရင်ထဲကဝမ်းသာမှုများဟာမျက်နှာကိုပါလွမ်းခြုံနေသည်။" "မ" ကရောညီမကိုဘယ်လိုခေါ်ရမလည်း"
"သူငယ်ချင်းတေကတော့ညီမကို "ကိုကို"လို့ခေါ်ကြပါတယ်" သူငယ်ချင်းတေလို့ကိုကိုပြော ပြီးနောက်မှာ ရင်ထဲမှာဝမ်းနဲမှုတစ်ခုတိုးဝှေ့ဝင်ရောက်လာသည်။ သူငယ်ချင်းဆိုတာဟာ သူ့တစ်သက်မှာ တစ်ယောက်သာရှိခဲ့သည်။
"ညီမ ညီမ ဘာဖြစ်နေတာလည်းဟင်"
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...