(Chap-32)

1.6K 140 10
                                    

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံကိုကြားလိုက်ရသဖြင့်
Sofa ပေါ်မှာစာအုပ်ထိုင်ဖတ်နေသော ကိုကိုတစ်ယောက်အနည်းငယ်အာရုံပြန့်လွင့်သွားခဲ့သည်

မျက်မှောင်ကိုကျုံ့လိုက်ကာဖြင့်
စိတ်တိုင်းမကျပုံပေါ်နေသည်
ကိုကိုသည် သူစာဖတ်နေချိန်တွင် အသံတစ်ခုခုကြားလျှင်မကြိုက်ပေ

"ဘာလားကွာ တံခါးကလည်းစာဖတ်ပြီဆိုခေါက်ပြီတကယ်ပဲ"
စာအုပ်ကိုကိုင်ထားပြီးထချင်စိတ်လည်း မရှိသောကြောင့် ဟန်နီကိုသာလှမ်းခေါ်လိုက်တော့သည်

"မဟန်နီ မဟန်နီရေ တံခါးခေါက်နေတယ်တစ်ယောက်ယောက် ဒီမှာ ကိုကိုစာဖတ်လက်စကြီးဖြစ်နေလို့တစ်ချင်လောက်လာဖွင့်ပေးပါဦး"

အခန်းထဲမှာ ကျူရှင်သွားပြရန်အတွက် ဖြီးလိမ်းပြင်ဆင်နေတဲ့ ဟန်နီတစ်ယောက် ကဗျာကယာထွက်လာပြီး
ကိုကို့ကိုဘဝင်မကျသောအကြည့်ဖြင့်အရင်ကြည့်လိုက်သည်

"ငပျင်းမ နင်နော်နင် တံခါးလေးထဖွင့်တာတောင်အကြီးကိုခိုင်းနေသေးတယ်"
ဟုပြောကာ
ခြေဆောင့်သွားပြီးတံခါးကိုသွားဖွင့်လိုက်သည်

ဟန်နီတံခါးဖွင့်လိုက်တော့

"ဟင် ထူးထူး ဘယ်ကလှည့်လာတာလည်း"

ထူးထူးတစ်ချက်ပြုံးလိုက်ကာ
"ဘယ်ကမှလှည့်လာတာမဟုတ်ဘူး မဟန်နီရဲ့ ဒီကိုပဲ တန်းတန်းမတ်မတ်လာခဲ့တာ ကိုကို့ကိုတွေ့ချင်လို့"

ဟန်နီသံဗန်းတံခါးကိုဖွင့်ကာဖြင့်

"ဝင်လေထူးထူး ကိုကိုကတော့အထဲမှာစာဖတ်နေတယ်
အမလေး အဲ့ကောင်မလေးကတော့လေ မနက်ဖြန်သဘက်ခါပဲ အိမ်ထောင်ပြုတော့မယ် အခုအချိန်ထိ လက်ကြောကိုမတင်းသေးဘူး
တံခါးဖွင့်တာတောင် စာဖတ်နေလို့တဲ့ အမလာဖွင့်ရတယ်"

"ဟားဟားဟား ကိုကိုတို့ကတော့လုပ်ပြီဗျာ"

ထူးထူးရောက်လာတယ်ဆိုတာကိုကိုကိုသိလိုက်
ရတဲ့အချိန်တွင် ကိုကို့မျက်နှာ သိသိသာသာပျက်ရွင်းသွားခဲ့လေသည်

ကိုကိုထူးထူးကိုအခုရက်ပိုင်းလုံးဝမတွေ့ချင်ပေ
အခင်ဆုံးသူငယ်ချင်းအဖြစ် အလွန်ခင်ပေမဲ့
သူ့ရဲ့သတို့သားလောင်း ဆိုတဲ့ခေါင်းစဉ်ကြီးကိုတော့ကိုကိုမကြိုက်ပေ

Internal SkyWhere stories live. Discover now