ဝိုးတိုး ဝါးတား မကြည်မလင် မြင်ကွင်းကြီး ကရှေးဟောင်း TV ကြီးတစ်လုံးကြည့် နေရသလိုပင်
တစ်ဖြေးဖြေးနှင့် ကြည်လင်လာပြီး မြင်ကွင်းရှင်းလာခဲ့သည်
Ceiling အဖြူကြီး ကိုလှမ်းမြင်နေရပြီး
အော်ဟစ်သံများ ကို လည်းကြားနေရသည်ခတ္တ မျှအကြာတွင် အဖေဖြစ်သူကသူ့ရဲ့လက်ကိုကိုင် ကာမျက်နှာကို စိုးရိမ်သောအကြည့်ဖြင့် ကြည့် ကာ
"သမီး သမီးသတိရလာပြီလားသမီး"
လို့ထပ်ခါထပ်ခါမေးနေသည်အစပိုင်းကအသံတွေတိုးနေပေမဲ့ ကြာတော့အသံတွေကိုပါပြတ်ပြတ် သားသားကြားလာရသည်။
သွင်တစ်ယောက် သတိဝင်လာခဲ့ပြီး
အိပ်နေရာမှ ဇတ်ခနဲထထိုက်သည်"အဖေ အဖေ သ..... သမီး ဘယ်ကိုရောကိနေတာလဲဟင်"
အလျှင်အမြန်ထထိုင်လိုက်သော ကြောင် ညာဘက် ရင်ဘတ်အောက်ကပြန်အောင့်လာပြီး ထိုနေရာကို လက်ဖြင့်အုပ် ကာခါးပြန်ကိုင်းသွားသည်"သွင်လေး....သမီးဖြေးဖြေး
သမီး ဘာမှမဖြစ် ဘူး သမီးခုဆေးရုံရောက်နေတာသမီးရဲ့"သွင်ကြောင်အမ်းအမ်းအကြည့် တစ်ခုဖြင့် ဦးညီအောင်ကိုကြည့်ကာဖြင့်
"သွင် ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ""သမီးမမှတ်မိဘူးလား ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ"
"ဟင်အင်သွင် မမှတ်မိတော့ဘူး အဖေ"
"မနေ့ကသွင်လေး Meliá မှာမေ့လဲသွားလို့တဲ့
ကောင်လေးတစ်ယောက်ကလာ ဆေးရုံပို့ပေးတာ
ကံကြီးပေလို့ပေါ့သမီးရယ်"သွင်လည်း ဖြစ်ခဲ့သည့်ကိစ္စများ ကို ပြုန်လည်သတိရစပြုလာခဲ့သည်
ထိုအချိန်တွင် ဂျူ တီကုတ်အဖြူဝတ်ထား သော ဆရာဝန်ဝင်လာခဲ့သည်
"သမီး သတိရလာပြီဆို သက်သာရဲ့လား"
"ဟုတ်ကဲ့သက်သာပါတယ် Doctor ဒါပေမဲ့ ညာဘက် ရင်ဘက်အောက်နားက နာနေသေးတယ်"
"သမီး ပြန်သတိရလာပြီဆိုတော့ သက်သာသွားမှာပါ
Doctor ဆေးတွေ ပေးခဲ့မယ် အချိန်မှန်သောက်နော်
Nurse ကလာတိုက်လိမ့်မယ်"
"Doctor ကျွန်တော့သမီးလေးအဆင်ပြေရဲ့လားဗျာ"
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...