စာအုပ်လေးကိုတစ်မျက်နှာပြီးတစ်မျက်နှာ လှန်ဖတ်ရင်းနဲ့ ကိုကိုတစ်ယောက်ပြုံးလိုက်မျက်ရည် ကလေးများဝဲ လိုက်ဖြစ်နေမိသည်
ထူးထူး ပြောခဲ့တဲ့ အဓိပ္ပာယ်ကိုလည်းနောက်ဆုံးတော့နား လည်ခဲ့ပြီးဖြစ်သည်
စာကြည့်မီးအိမ်လေးအောက် ထားထားတဲ့နာရီလေးကိုကြည့်တော့ ည1 နာရီပင်ထိုး နေခဲ့လေပြီ1နာရီပင်ထိုးနေပြီဖြစ်သော ကြောင့် အိပ်မည်ဟူပြီး
စာအုပ်ကလေးကို သူ့နေရာလေးမှာခေါက်ပြီး
စာကြည့်စားပွဲလေးမှာတင်လိုက်သည်
ပြီးတော့နားထင်ကို အသာလက်နှစ်ချောင်းနဲ့နိပ်ရင်းမအိပ်ခင် သွားတိုက်ရန်အတွက် ရေချိုးခန်းထဲ မှာ သွားပွတ်တံ လေးကိုသွား တိုက်ဆေးလေးအသာ ညှစ်ထည့်လိုက်သည်
သွားတိုပ်ဆေးကိုညှစ်ထည့်ပြီု တော့မှ သွားမ တိုက်သေးပဲ စိတ်ထဲက စာဖတ်ရန်စိတ်ပြန်ရောက် မိသည်
ထို့ကြောင့် သွားပွတ်တံ လေးကို ဘေဇင်ပေါ်မှာ ပဲ တင်ပြီး အပြင်ကိုပြန်ထွက်လာ ခဲ့သည်။ထို့နောက်စာအုပ်လေးကိုအသာပြန်ကိုင် ကာသူမှတ်ထားသောနေရာလေး ကိုပြန်လှန်လိုက်တော့
အဲ့တာကသူရေးထားတဲ့အထဲမှာနောက်ဆုံးစာမျက်နှာဆိုတာကိုသတိပြုမိ လိုက်သည်
စာအုပ်ကိုအသေအချာစိုက်ကြည့်ပြီး စိတ်ထဲမှာ မနှစ်မျို့သလို ဖြစ်လာခဲ့ပြန်သည်နောက်ဆုံးတော့လည်း သူ့ရဲ့စိတ်ထဲက ဆွဲထုတ်လို့မရတဲ့ အပိုင်းလေးကတော့ ဒိုင်ယာရီပင်ဖတ်စရာမလိုပဲ အလိုလိုပင်မှတ်မိနေ၏
ဒိုက်ယာရီထဲမှာတော့
"ခွဲခွာခြင်း" လို့ခေါင်းတပ် ထားသည်။
19.12.2012
ပုစွန်ဆီရောင်သန်းနေသော ကောင်းကင်ကြီး မှာ လိမ္မော်သီး ပုံစံ နေလုံး ကြီးကလည်း မြေကြီးထဲ သိုတစ်ဝက်ဝင် နှင့်ပြီးဖြစ်သည်
အိပ်တန်းတကာရန် အလျှင်အမြန် ပျံနေသော ငှက်များ ကလည်းကောင်းကင်ကြီး မှာ လွားကနဲ့ လွားကနဲ့ ပျံနေကြသည်။
"ဟဲ့ဟဲ့ ဘာတေအသဲအသန်တွေကြည့်နေတာတုန်းမိုးပေါ်ကို"
ကောင်းကင်ကြီးကိုကြည့်နေသော ကိုကိုတစ်ယောက် တစ် လန့်သွားသည်
"အမလေး ဖြည်းဖြည်းခေါ်ပါလန့်လိုက်တာ"
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...