(Chap-35)

1.6K 145 7
                                    

ကိုကို့ရဲ့လက်လေးကို ချိတ်ဆွဲထားပြီး တိုက်အောက်ကလမ်းထိပ်ကို ထွက်ဖို့လမ်းလျှောက်လာကြသည်
ကိုကို ကသူ့ညာဘက်လက်ကိုဆွဲထားတဲ့ သွင့်လက်လေးကို လက်မောင်းကနေကျန်တစ်ဖက်နဲ့ သိုင်းဖက်ထားပြီး ကောင်းကင်ပြာကြီးအောက်လျှောက်လာကြသည်

မနက်စောစော ဆိုတော့ နေကလည်းအရမ်းမပူပဲ လေပြေအေးအေးလေးက မျက်နှာကိုဝှေ့တိုက်နေသည်။ နှစ်ယောက်လုံ
ကြားကလေထုလေးမှာ ဘာစကားသံမှမပါပဲ လက်လေးတွေသာဆုတ်ကိုင်ရင်း တစ်လှမ်းချင်းဖြေးဖြေးနဲ့ လမ်းထိပ်ကားမှတ်တိုင်လေးကိုရောက်လာသည်

"မ..."
"ပြောလေ ကို"
"မ ကားမယူလာဘူးလား"
"ဟင့်အင် ဒီအတိုင်းပဲထွက်လာခဲ့တာ bus နဲ့ပဲ
အဆင်ပြေသလိုသွားကြတာပေါ့
အဲ့တာကပိုပျောဖို့ကောင်းမယာထင်တယ်"

ကိုကို ကအပြုံးတွေရှင်သန်မှုမဲ့တာ ကြာနေပြီဖြစ်တဲ့ သူ့မျက်နှာလေးမှာ အပြုံးလေးတစ်ပွင့်ခြွေလိုက်သည်

87 ဘက်စ် ကားကမှတ်တိုင်ရောက်လာတော့ သွင် က ကိုကို့လက်လေးဆွဲပြီး ကားပေါ်တက်လိုက်သည်။ အိတ်ထဲက ၂၀၀ တန်နှစ်ရွက်ကို ထုတ်ပြီးကားခပေးခဲ့သည်

မနက်ပိုင်း ပထမဆုံးပြေးဆွဲတဲ့ အကျော့ဆိုတော့ ကားပေါ်မှာလည်း လူနှစ်ယောက် သုံးယောက်လောက်နဲ့ ခုံအလွတ်တွေအများကြီးထဲကမှ နောက်ဆုံးရှေ့ကနှစ်ယောက်တွဲခုံလေးကို လက်ဆွဲခေါ်သွားလိုက်သည်

ကားစထွက်တော့ သွင်ကပြတင်းပေါက်ကနေပဲ ငေးကြည့်နေပြီး စကားတစ်ခွန်းမှ မပြောထွက်ခဲ့ပေ။ သို့သော် အိမ်ကထွက်ထဲက ဆုတ်ကိုင်ထားတဲ့ ကိုကို့ လက်လေးကိုတော့ တစ်ခဏမျှ လွတ်လိုက်ရင်ပင် အငွေ့ပျံပျောက်ကွယ်သွားမလို စိုးရိမ်နေသောကြောင့် ကျစ်ကျစ်ပါအောင်ကိုင်ထားစဲ

လမ်းတစ်ဝက်လောက်ရောက်တော့မှ သွင်ဘက်ပြတင်းပေါက်အပြင်ကိုမျက်နှာသေနဲ့ကြည့်နေရာကနေ ကိုကို့ဘက်လှည့်ပြီး ကိုင်ထားတဲ့လက်လေးကို ပိုပီးကျပ်နေအောင် ကိုင်ထားမိသည်။ ကျပ်လွန်းလို့ ကိုကို လက်ပင်နာလာသလို ခံစားရပေမယ့် ဝေးကွာနေတဲ့ သွင့် အငွေ့သက်လေးတွေကို မလွင့်စင်သွားစေချင်လို့ ဘာမှမပြောပဲ သွင့်မျက်နှာလေးကိုသာငေး နေမိသည်။

Internal SkyWhere stories live. Discover now