(Chap-18)

1.5K 124 4
                                    

"ကို ရေ မ ရေလေးဘာလေးချိုးလိုက်ဦးမယ်နော်"
"မ ညဘက်ကြီးဖြစ်ရဲ့လား"
"တစ်နေ့လည်လုံးလည်ထား လို့မလန်းလို့ပါ"
"ဟုတ်ဟုတ် မ"

သွင်ရေချိုးခန်းထဲဝင် သွားတော့ ကိုကိုလည်း ခုံပေါ်ကနေထလိုက်သည်
ခုံပေါ်ကထလိုက်တဲ့အချိန်မှာ ခုံနဲ့ဒူးနဲ့ဆောင့်မိသွားတာမို့ မရဲ့ ပွင့်နေတဲ့ပိုက်ဆံအိတ်ကလေးပါ ပြုတ်ကျကုန်ပြီး ပစ္စည်းတွေထွက်ကျကုန်သည်

"အော်ငါကလည်း လုပ်လိုက်ရင်ရှပ်ပြာရှပ်ပြာနဲ့"
ဆိုပြီး မ ရဲ့ ပြုတ် ကျနေတဲ့ ပစ္စည်းတွေကိုကောက်ထည့်ရင်း မရဲ့ ပွင့်နေတဲ့ Note Book ရဲ့စာမျက်နှာလေးကိုဖတ်မိသွားခဲ့သည်

Today list

-ကိုကိုကို တစ်နေကုန်အချိန်ပေးရန်
-Last Date လုပ်ရန်
-လမ်းခွဲရန်

ကိုကိုနှလုံးထဲ သွေးမစီးတော့သလိုပင် ဖြစ်သွားပြီး ကြမ်း ပြင်ပေါ်သို့ပင်ဖင်ထိုင်ရက်ကျသွားခဲ့သည်

"ဟာ အဲ့တာဘာကြီးလဲ"
ပါးစပ်ကိုပြင်လက်ဖြင့်အုပ်မိသည်

"မင်းကသိသွားပြီဆိုတော့လည်းငါထွေထွေထူးထူးရှင်းပြနေစရာမလိုတော့ဘူး ပေါ့......... "
ရေချိုးခန်းထဲကထွက်လာတဲ့ သွင်က
ရေချိုးခန်းရှေ့မှာ ရပ်နေပြီး နီရဲရဲမျက်လုံးတွေနဲ့ ကြည့် ပြီး ပြောလိုက်တော့

ကိုကို ဘာတွေမှန်း မသိပဲကြောင်တောင်တောင်ဖြစ်သွားသည်
ကိုကို လဲကျနေရာကတောင်မထနိုင်သေးပေ
နားမလည်နိုင်တဲ့ မျက်လုံးတစ်စုံနဲ့ သွင့်ကိုကြည့်ပြီး

"မ ဘာတွေပြော နေတာလဲ"
အဲ့တော့သွင် က မထီမဲ့မြင်အပြုံးများဖြင့်ပြုံးကာ

"အော်ဟုတ်သားပဲမင်းဘယ်သိပါ့ မလဲ မင်းလုပ်ခဲ့တဲ့ကိစ္စမှ မဟုတ်တာ"
ကိုကိုကတော့ကြောင်တောင်တောင်နှင့်သာ ကြည့်နေမိပြီး
"မ ဘာဖြစ်လို့လဲ မရယ် စိတ်ထိန်းပါဦး ဘာတွေပြောနေတာလဲ ပြီးတော့ Notebook ထဲမှာလဲဘာတွေရေး ထားတာလဲ ဟင်"
သွင်က ယဲ့ယဲ့သာပြုံးပြီး
"လာပါဒီမှာ လာထိုင် မင်းမသိတတွေ ပြောပြမယ် ပြီးမှ မင်း စိတ်မမှန်တာလား ငါစိတ်မမှန်တာလားသိလိမ့်မယ်"
ကိုကိုလည်းထိုင် လဲနေရာက ထပြီး ဘေးကခုံမှထိုင်လိုက်တယ်

Internal SkyWhere stories live. Discover now