ကောင်း ကင်ကြီးကမဲနက်နေပြီး မိုးတွေ က တလဟော ရွာသွန်းနေသည်
ပတ်ဝန်းကျင်ကမှောင်မဲ နေပြီး
"ဂျိန်း"
လျှပ်စီး တစ်ချပ်လက်ပြီး မိုးချိမ်းမှ တစ်ချက်တစ်ချက် လင်းသွားပြီးပတ်ဝန်းကျင်ကို မြင်နိုင်ပေသည်"ဟဲလို မေမေ နေကောင်းလား"
"ကောင်းပါတယ်သားရဲ့ သားရော"
"ဟုတ်သားလည်းနေကောင်းပါတယ်"
"သားအခုဘယ်မှာ တည်းလဲ"
"သားအခု Meliâ မှာတည်းနေတယ်အမေရဲ့
Sedona ဘေးကလေ""အော်အမေကတော့ မသိဘူးအဲ့နေရာကို ရန်ကုန်မရောက်တာကြာဘီလေ"
"ဟုတ် အမေဒါကအသစ်ဆောက်တာလေ"
"အော် အေး ဒါဆိုလည်း ဖုန်းချတော့မယ်နော် နေကောင်းအောင်နေ ကျန်းမာရေးဂရုစိုက် သား"
"အမေလည်းနေကောင်းအောင်နေနော်"
ထူးထူးဖုန်းချလိုက်ပြီး သူ့ဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်သည်
ပြီးတော့ စားပွဲပေါ်တင်ထားတဲ့သူ့ရဲ့ coffee ခွက်ကိုပြန်ကိုင်ပြီး ပြတင်းပေါက်နားက ထိုင်ခုံမှာရပ်ပြီး သောက်နေရင်း
"ဒူ ဒူ ဒူ"
ဖုန်းကထမြည်နေတာမို့ ဘယ်သူများလဲဆိုပြီး ဖုန်းကိုကော်ကိုင်လိုက်တယ်
နာပါတ်ကလည်းသူသိတဲ့ နာပါတ်ထဲကမှတ်
ဖုန်းကိုင်လိုက်ပြီး"Hello ပြောပါ"
"hello ထူးထူးလားမသိဘူး"
သူ့ကိုဖုန်းခေါ်တဲ့ မိန်းကလေးအသံက အမောတဟောနှင့် တစ်ခုခုဖြစ်နေတဲ့အသံဖြစ်နေတာ့
"ဟုတ်ပါတယ် ဒါနဲ့အမက"
"အမ က ဟန်နီကိုပါ""အော် မဟန်နီ ဘာကိစ္စများရှိလို့လဲဗျ"
"မင်းကိုကိုနဲ့အတူရှိနေတာလား"
"မရှိဘူးဗျ ကိုကို ကိုဒီနေ့တွေ့တောင်မတွေ့ရသေးဘူး ဒါနဲ့ သူဘာဖြစ်လို့လဲ"
"သူသူလေ မနက်ကအမမနိုးခင်ကတဲကထွက်သွားတာ အခုထိအိမ်ပြန်မရောက်သေးလို့""ဗျာ အဲ့အဲ့တာဆိုခုထိသူ့ကိုဖုန်းဆက်လို့မရသေးဘူးလား"
"ဟုတ်တယ် ထူးထူး ခုထိသူ့ကိုအဆက်အသွယ် မရသေးဘူး ဒီကောင်မလေးဒီအချိန်ထိဘယ်တွေကိုရှောက်လည်နေလဲမသိပါဘူး"
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...