အခန်းပြင်မှ ဝန်ထမ်းတစ်ဦးဝင်လာပြီး
"အမမေဆောင်းသွင်
အစ်မကိုတွေ့ချင်တဲ့ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်
အခုတော့ဘယ်သူမှန်းမသိလို့ပေးမဝင်ထားသေးပါဘူး"သွင်ကတော့သိနှင့်ပြီးသားဖြစ်သဖြင့်
"ပေးဝင်လိုက် ပြီးရင်ရုံးခန်းကိုလွှတ်လိုက်""ဟုတ်ကဲ့ပါ"
ထိုဝန်ထမ်းထွက်သွားပြီး
ခတ္တမျှ အကြာတွင်
တံခါးခေါက်သံနောက်တစ်ခေါက်ထွက်ပေါ်လာသည်သွင်သူ့ရဲ့ ကော်လံလေးကိုသပ်သပ်ရပ်ရပ်ပြန်လုပ်ပြီး ခေါင်းမှဆံပင်လေးကိုလည်းအသာသပ်ကာ
"ဝင်ခဲ့ပါ"ကာရံထားသောအခန်းတံခါးပွင့်သွားခဲ့ပြီး ထိုတံခါးရဲ့နောက်ကွယ်က
သူဘယ်တော့မှမမေ့နိုင်တဲ့အပြုံးတစ်ခုနဲ့
ကြည်လင်တောက်ပတဲ့မျက်လုံး တစ်စုံတို့ကိုတွေ့မြင်လိုက်ရသည်သူ့ကိုမြင်မြင် ချင်းမျက်လုံးအစုံပင်ပြူးသွားကာ
ပါးစပ်မှာလည်း အလိုလိုပင်ပွင့်ဟ သွားခဲ့သည်"ကို"
ပါးစပ်သူမသိလိုက်တဲ့အချိန်မှာပါးစပ်ကလွှတ် ခနဲထွက်သွားခဲ့သည်သူ့ရှေ့ကမိန်းကလေးရဲ့မျက်နှာမှာလည်း အံ့ဩ မှင်သက်မှုပြည့်သွားခဲ့လေသည်
အပြင်ကအခန်းတံခါးပိတ်လိုက်တဲ့အချိန်မှာ တော့ သွင်ဇတ်ခနဲ ပဲခုံပေါ်က စားပွဲပေါ်ကိုလက်နဲ့ထောက်ကာအားယူပြီးထလိုက်သည်
"ကို....... ချယ်ရီကို မင်းဟုတ်တယ်မဟုတ်လား"
သွင်ခြေလှမ်းများဖြင့်ထိုမိန်းကလေးနားအားကပ်သွားခဲ့သည်
"မင်း မင်းဟုတ် ပါတယ် ချယ်ရီကိုပါ"သူပြောနေတဲ့မိန်းကလေူကတော့ သူ့ကိုအတတ်နိုင်ဆုံး မျက်နှာလွဲထား ကာ လည်ပင်းပေါ်ရှိချွေး များကိုအတိုင်းသားမြင်နေရသည်
သွင်သူ့ရဲ့ပုခုံးနှစ်ဖက်ကိုဇတ် ခနဲဖမ်းဆွဲကာ
"ကို မင်းဒီ 3နှစ်လောက်အတွင်း ဘယ်တွေရောက်နေတာလဲ မင်းဘယ်တွေကိုသွားနေခဲ့တာ လဲ"
ပုခုံးကိုအတင်းလှပ်ပြီးမေးတော့
ထိုကောင်မလေးကိုသူ့ရဲ့လက်နှစ်ဖက်ကို အတင်းခါချကာ
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...