"ငါကဒီမှတည်းမှာလေ Melià မှာပဲ
အဲ့တော့ ငါနင့်ကို လိုက်တော့ပို့ပေးမယ်"
ဖြစ်လား"ကိုကိုခေါင်းညိမ့်ကာ
"အဲ့တာဆိုလည်းရတယ် အောက်အထိပဲလိုက်ပို့လိုက်တော့ ငါကိုယ့် ဘာသာကိုပြန်လိုက်တော့မယ်""ရရဲ့လားဟဲ့"
"ရပါတယ် အပိုစာသားတွေလုပ်မနေနဲ့လာအောက်ဆင်းမယ်"
အောက်ရောက်ပြီး Bus မှတ်တိုင်နားအရောက်မှာ
သူတို့ကိုလူတစ်ယောက်ခေါ်သံကိုကြားလိုက်ရသည်"ထူးထူး ချယ်ရီကို"
သူတို့လှည့်ကြည့်လိုက်တောဦးညီဖြစ်နေလေသည်
ကိုကိုနဲထူးထူးဦးညီကိုလှည့်ကြည့်လိုက်သည်Gloria Jean's မှာထိုင်နေသောဦးညီမှ ထလာပြီးသူတို့နားသို့ရောက်လာခဲ့သည်
"ထူးထူး နဲ့ ချယ်ရီကို မတွေ့တာတောင်ကြာပြီနော်"
ထူးထူးကတော့ စိတ်ထဲမှာသိနေပေမဲ့ နာမည်ကိုတော့သိပ်မမှတ်မိချေ
"ဟာ ဦး ဆောရီးဗျာ ကျနော်ဦး နာမည်ကိုမေ့နေလို့""ဟားဟား ဟုတ်တာပေါ့ကွာ ငါတို့မတွေ့ရတာသုံးနှစ်လောက်တောက်ရှိပြီကိုးကွ
မင်းတို့ နစ်ယောက်ဘယ်တွေရောက်နေကြတာလဲကွ ငါလဲမင်းတို့ကိုတွေ့ချင်နေတာပါ"ထူးထူးတစ်ချက်ပြုံးလိုက်ပြီး
"ဟုတ်တယ်ဦး ရဲ့ ကျနော်တို့နှစ်ယောက်လဲ ဦး နဲ့နောက်ဆုံးတစ်ခါတွေ့ပြီး ကတည်းက US ကကျွနိအမေ့ဆီပဲ ပြန် လိုက်ကြတာပါ နုတ်တောင်မဆက်လိုက်ရဘူး""အော်အဲ့လိုလား ဒါနဲ့ သမီးချယ်ရီကိုရောနေကောင်းရဲ့လား"
ဦးညီကျေးဇူးတင်စကားပြောချင်ခဲ့ပေမဲ့ ကိုကိုက သူလှူသည့်အကြောင်းကို မည်သူ့ကိုမှမသိစေချင်သောကြောင့်ထူးထူး ကြားမည်စိုး၍မပြောလိုက်ချေကိုကိုလည်း ခေါင်းကိုအနည်းငယ်မတ်ကာ
"ဟုတ်ကဲ့ကောင်းပါတယ် ဦး""ဦးအခု ဒီမှာထိုင်နေတာကွ အဲ့တာမင်းတို့ အချိန်ရသေးရင်ထိုင်ကြဦးလေ စကားလေးဘယလေးပြောကြတာပေါ့"
ကိုကိုကငြင်းချင်သော်လည်း ငြင်း၍မကောင်းသည်ကတစ်ကြောင်း ထူးထူးကလည်း ထိုင်ရန်လက်ခံလိုက် သည်ကတစ် ကြောင်း ကြောင့်ထိုင်ခဲ့ရလေသည်
YOU ARE READING
Internal Sky
Teen Fictionလူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် ရင်ထဲမှာကောင်းကင်ကျယ်ကြီးတစ်ခုဖြစ်တည်နေသလိုပါပဲ ထိုကောင်းကင်ကြီးရဲ့ရာသီဥတုအခြေအနေက သူ့အပေါ်ထားတဲ့သင့်ရဲ့ခံစားချက်ပါပဲ Internal Sky ❤❤ "ကိုကို အချစ်ဆိုတာကိုနားမလည်ပါဘူး ချစ်သူလိုအချစ်၊ သူငယ်ချင်းလိုအချစ် ကိုလည်းခွဲခြားမသိ...