(Chap-8)

1.9K 128 3
                                    

"သားရေ သား မနက်စာစားလို့ရပြီနော်"
"ဟုတ် ကဲ့မေမေ" အိပ်ချင်မူးတူးအသံကြီးနှင့်ပိုင်ထူးခိုင်တစ်ယောက်ဖြေလိုက်သည်။
"သား ထတော့လေ 10 နာရီ တောင်ထိုးနေပြီလေသားရဲ့"
ဒေါ်ရီအေး ဟာ သားလေးကိုအလွန်ပင်မှ အလိုလိုက်သည်။ သူ့အဖေဆုံးသွားကတည်း ကသူတစ်ယောက်တည်း ထူးထူး တို့မောက်နှမ နှစ်ယောက် ကျွးမွေးပြုစုလာရ သောကြောင့် သာ၍ပင်အချစ်ပိုမိလေသည်။

"မေမေရယ် ကျောင်းပိတ်နေပြီပဲကို အိပ်ပရစေဗျာ"

"သားရယ် 10နာရီတောင်ထိုးနေပြီသားရဲ့ သားအိပ်ရာထနောက်ကျလို့ရှိရင် သားရဲ့ကိုယ်စောင့်နတ်က နတ်သဘင်အစည်းအဝေး နောက်ကျလိမ်မယ်"

"မေမေကလဲဗျာ အဲ့လောက်ခေါက်ရိုးကျိုးနေတဲ့ ဟာကြီးပဲ ထပ်ခါထပ်ခါပြောနေတာပဲ ထပါပြီဗျာ"
စိတ်အပါလက် မပါနဲ့ကုတင်ပေါ်ကကုန်းရုံးထပြီး ပဲ ရေချိုးခန်းထဲသို့တန်း ဝင်သွားလေသည်။
မျက်နှာ သစ်ရေမိုးချိုးပြီး တော့မှ မနက်စာစား ရန် ထမင်းစားခန်းထဲသို့ရောက်လာခဲ့သည်။

ထမင်းစားခန်းထဲမှာတော့ သူ့အမေနဲ့ သူ့ညီမ မျက်ချယ် တို့က သူအလာကိုစောင့်နေကြဟန်

"သား ထလာပြီလား"
"ထပြီပေါ့မေမေရယ် နားထဲကို စစ်သေနတ် ပစ်ထည့်နေတာကိုး ဗျ"

"ကိုကြီးကလည်း မေမေကိုမပြောပါနဲ့ နာရီကိုလည်းကြိပါဦး ဘယ်အချိန်ရှိပြီလဲ"
"အမလေး ဟုတ်ပါပြီဗျာ ကျနော်ကြောက်ပါပြီ နောက်တစ်ခါလေ မကြီးရဲ့ မေမေကိုအလိဲု့မပြောတော့ပါဘူးဗျာ"
ဟာသကလေးပြောကအရွန်းဖောက်လိုက်သဖြင့် မောင်နှမနစ်ယောက်ကိုကြည့်ကာ ဒေါ်ရီအေးတစ်ချက်ကလေးပြုံးသွားသည်။

ထို့နောက်အသင့်ချ ထားသောမနြ့်ဖတ်ပန်းကန်လေးထဲသို့ ဟင်းရည်လေးများ ကိုထည့်ပေးရင်း

"သားစားစား သားလည်း မြန်မာအစားအစာနဲ့ကင်းကွာနေပြီမဟုတ်လား"
"ဟုတ်ပါ့မေမေရယ် ဘာလိုလိုနဲ့ သားတို့ဒီကိုရောက်တာတောင် 7နှစ်ရှိပြီနော်"

ထူးထူးမျက်နှာပေါ်မှာ ဝမ်းနည်းသောအရိပ်အရောင်လေး တစ်ချက်ဖြစ်သွားမိသည်။
ထို့နောက်ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာပြီး မုန့်ဟင်းခါးခပ်စားရင်းနဲ့
"မေမေ သားမေမေကိုတစ်ခုခွင့်တောင်းစရာလေးရှိလို့ပါ"
"အွန်းပြောလေသား"

Internal SkyWhere stories live. Discover now