(Chap-33)

1.5K 139 23
                                    

lift တံခါးပွင့်လာတော့ ကိုကိုဝင်ပြီး ground floor ကိုထောက်လိုက်သည်။ အရင်ဆို သွင်ကလိုက်ပို့တော့ သွင်နဲ့တူတူကားရပ်ထားတဲ့ B2 ကိုဆင်းရပေမယ့် ခုတစ်ခါကဘက်စ်ကားမှတ်တိုင်ကိုသွားမှာဆိုတော့ ground floor ထိပဲဆင်းပြီး မှတ်တိုင်သို့လျှောက်သွားသည်။

ခဏလောက်စောင့်ပြီး နောက်ဆုံးတစ်ကျော့ဆွဲတဲ့ ၈ရကြီးကိုစီးလာခဲ့သည်။

ရပ်ကွက်ထဲ ဝင်လာတော့ပတ်ဝန်းကျင်က ခက်မှောင်မှောင်ရယ်။ ရေကန်ကြီးရဲ့ မျက်နှာပြင်ကလည်း လရိပ်ယောင်အောက်မှာ တစ်ဖြတ်ဖြတ်လဲ့နေပြီး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှ ပုရစ်အော်သံတွေပါကြားနေရသည်။ လမ်းမီးရောင်ကမှိန်နေပြီး ဘေးအိမ်တွေရဲ့မီးရောင်ပြပြအောက်မှာ သူ့ခြေသံအပြင် ခြေသံတစ်စုံခပ်ဖြေးဖြေးကြားလာရသည်။

ဘယ်ညာဂရုစိုက်နင်းပြီးလျှောက်ကြည့်တော့ သေချာတယ် သူ့ခြေသံမဟုတ်တဲ့ အခြားခြေသံတစ်စုံ အနောက်တစ်နေရာကပါလာမှန်းကိုကို သိလိုက်သည်။

ကိုကိုလည်း ခက်ကြောက်ကြောက်နဲ့ မြန်မြန်လျှောက်တော့ နောက်ကခြေသံ ကလည်းပိုပြီး မြန်လာသည်။ လှမ်းနေတဲ့ ခြေလှမ်းတွေကတဖြည်းဖြည်းနီးလာ သလိုခံစားလာရပြီး နောက်ကိုအရဲစွန့်လှည့်ကြည့်လိုက်တဲ့အချိန်မှာ ပြေးလာတဲ့ခြေသံတွေနဲ့....

လူတစ်ယောက်သူ့နဲ့ပြေးလာတာကိုမြင်လိုက်တယ်
ပတ်ဝနိးကျင်ကမှောင်နေတော့လည်း သည်းသည်းကွဲကွဲ မမြင်ရ
သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဘာမှပြင်ဆင်ခွင့်ပင်မရလိုက်ပေ အလွန်နီးကပ်သွားပြီး
သူ့ရဲ့လက်မောင်းတစ်ဖက်ကိုင်ပြီး

ဆွဲလှည့်လိုက်ကာ သူ့ရဲခန္ဒာကိုအနောက်မှနေပြီး လက်တစ်ဘက့်ဖြင့်သူ့ကိုမလှုပ်နိုင်အောင်ချုပ်လိုက်လေသည်

ကိုကိုအော်ဖို့တောင်အချိန်မရ လိုက်ခင်အတွင်းမှာပဲ
နောက်လက်တစ်ဖက်က ပုဝါတစ်ထည်ဖြင့်သူ့ရဲ့နှာခေါင်းနဲ့ပါးစပ်ကိုအုပ်လိုက်တော့သည်

အသက်ရူတွေကျပ်လာပြီး အမြင်တွေကလည်းဝေဝါးစပြုလာခဲ့သည်
သူ့ရဲ့ရှိသမျှအားနဲ့ ရုံးကန်ခဲ့ပေမဲ့ တစ်ဖြေးဖြေးနဲ့ သတိလည်းလွတ်လာတာမို့ ကိုကိုခုခံ ချိန်ပင်မရပဲ ညိမ်ကျသွားခဲ့လေသည်

Internal SkyWhere stories live. Discover now