Finale

4.2K 213 16
                                    

မှန်ပြင်ကျယ်ထဲမှာ အဖြူရောင်သတို့ဝတ်စုံနဲ့ ခေါင်းစခြေဆုံး ပြစ်မျိုးမဲ့မထင် လှနေတဲ့ မိန်းကလေးတစ်ဦး။ ခြေဆုံးရှည်တဲ့ မင်္ဂလာဝတ်စုံရယ် ချယ်ရီရောင်နှုတ်ခမ်လေးတွေရယ် ဇာပါးစလေး အုပ်လွှမ်းထားပြီး ကျောထပ်ဖြန့်ချထားတဲ့ ဆံနွယ်လေးတွေရယ်နဲ့ အလှဆုံး သတို့သမီးလေးတစ်ဦး

အရာရာပြည့်စုံနေပြီ လို့တော့ထင်ကောင်း ထင်ရပါလိမ့်မယ် ဒါပေမယ့် သူမ မျက်နှာတွေ အပြုံးတွေမရှိတော့ဘူး။ ဝမ်းနည်းမှုတွေသာ လွှမ်းနေတဲ့ မျက်ရည်စတွေနဲ့ မျက်ဝန်းတစ်စုံ ပဲကျန်လေသည်

တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲမှာ ခုလို ခမ်းနားကြီးကျယ်ပြီး အရာရာပြည့်စုံနေတာ မိန်းကလေးတစ်ယောက်အတွက် အိပ်မက်ကိုလက်တွေ့နေထိုင်နေရသလိုဖြစ်နေမှာ
တကယ် ချစ်ရတဲ့သူနဲ့ လက်ထပ်ရမယ်ဆိုရင်ပေါ့....

ကိုကိုမင်္ဂလာပွဲကနီးကပ်နေပြီမို့ သူငိုထားတဲ့မျက်ရည်တွေကို မတိတ်တိအောင် အဝတ်စကလေးဖြင့်သုတ်နေလေသည်

ထိုအချိန်တွင်သူ့ရဲ့ပုခုံးကိုလူတစ်ယောက်က လက်ဖြင့် အသာပုတ်လိုက်သည်ကို ကိုကိုသိလိုက်သဖြင့်လှည့်ကြည့်လိုက်သည်

"ဟင် ထူးထူး နင်ဘာဖြစ်လို့ မျက်နှာကပျက်နေရတာလဲ
ဒီအချိန်မှာနင်ပျော်နေရမှာမဟုတ်လား
နင်ဖြစ်ချင်တာတွေဖြစ်နေပြီပဲလေ"

ထူးထူး ထိုင်နေတဲ့ကိုကို့ရဲ့ပုခုံးလေးကို ညှစ်လိုက်ကာ ကိုကို့ကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်လေသည်

"ငါဖြစ်ချင်တာ ကအခုတော့မဖြစ်သေးပါဘူးဟာ ဒါပေမဲ့မကြာခင်ဖြစ်တော့မှာပါ"

ကိုကိုထူးထူးကိုပြန်ကြည့်ကာ
"နင်ဘာတွေထပ်ဖြစ်ချင်သေးတာလည်းထူးထူး နင်အခုငါ့ကိုရ တော့မှာလေ သေပဲသေချာနေပြီ နင်ကဘာတွေထပ်ဖြစ်ချင်နေသေးတာလည်း"

"ငါဖြစ်ချင်တာထပ်ဖြစ်သင့်တာဆိုပိုမှန်ပါလိမ့်မယ်ဟာ
အခုနင်မတ်တပ်ရပ်ပေးပါလား"

"နင်ဘာလုပ်မလို့လဲ"
"မတ်တပ်လေးသာခဏရပ်ပေးပါဟာ"

ကိုကိုလဲဘုမသိဘမသိနဲ့မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ ထူးထူးကိုကို့ကို သိုင်းဖကာလိုက်သည်
ကိုကိုလည်းမျက်လုံးပြူးပြီးအနည်းငယ်ကြောင်သွားလေသည်

Internal SkyWhere stories live. Discover now