(Chap-25)

1.6K 128 23
                                    

              
"ကိုညီအဆင်ပြေရင်သူ့ကို သန်ဘက်ခါလောက်လွှတ်လိုက်ပါမယ်"

"အော်ကျနော်သတိရပြီ ကျနော့သမီးက ကျနော့ Company မှာEngineering Manager လေ အဲ့တာသူ့မှာ secretary လိုနေတာ အဲ့နေရာဆို အဆင်ပြေလား ဗျ အလုပ်သင်သဘောမျိုးပေါ့ ကျနော့သမီးလဲ အဲ့ဒီ လိုင်းဆိုတော့ သင်ပေးလို့ရတာပေါ့"

"အဆင်ပြေတာပေါ့ရှင် ဒါဆို သူ့ကိုပြောကြည့်ပြီး
လာမဲ့ရက်အတိအကျကို ကိုညီကိုပြန်ဖုန်းဆက်လိုက်မယ်နော်"

"ဟုတ်ပါပြီဗျာ
ဒါနဲ့ မရီရဲ့ ချွေးမလောင်းလေးနာမည်က? "

"ချယ်ရီကိုပါ"

"ဗျာ.......... "

"ဘာများဖြစ်လို့လဲ ကိုညီရဲ့"

ဦးညီစိတ်ထဲမှာ အနည်းငယ်တော့ ခလုပ်တိုက်သွားသော ကြောင်ခတ္တမျှစကားပြောရန်လမ်းပျောက်နေခဲ့သည်

"ကိုညီ ကိုညီ ဟဲလိုဟဲလို"

အသံကြားတော့မှဦးညီ သတိပြန်ဝင်လာပြီး
"sorry မရီ ကျနော်နားထောင်နေပါတယ်"

"အော် ဖုန်းများကျသွားပြီလားလို့
အဲ့တာဆိုဒါပဲနော်ကိုညီ ကျမသူလာမဲ့နေ့ကျရင်ဖုန်းဆက်လိုက်မယ်နော်
ကူညီပေးလို့ကျေးဇူးပါကိုညီ"

"ဟုတ် ...ဟုတ်ကဲ့ရပါတယ်
Goodnight မရီ"

ဖုန်းကိုချလိုက်ပြီး
အတွေးပေါင်းသောင်းခြောက်ထောင် ဦးညီခေါင်းထဲသို့ဝင်လာခဲ့လေသည်
ဦးညီ sofa ပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး
အတွေးတစ်ခုချင်းစီကိုအဖြေထုတ်နေခဲ့သည်

"ချယ်ရီကို တဲ့လား သွင်လေးကိုအသည်းလှူတဲ့ ချယ်ရီကိုများလား
သူလည်း လှူပြီးကတည်းကပျောက်သွားခဲ့တာ
တကယ်လို့သူဆိုရင်ရော
သမီးနဲ့ ပြသနာတက်ထားတဲ့ကိစ္စကြောင့်အဆင်ပြေ နိုင်ပါ့မလား"

"မဟုတ်လောက်ပါဘူးလေ နာမည်တူမရှားလူတူမရှားဆိုတော့လည်း ချယ်ရီကိုတွေအများကြီး ရှိနေနိုင်တာ ပဲမဟုတ်လား"

စဉ်းစားနေရင်းနဲ့
"တီ တီ တီ"

အိမ်ရှေ့ကကားဟွန်းသံကြားတာ မို့
သွင်ပဲ ဟုဦးညီသိလိုက်ရသည်

Internal SkyWhere stories live. Discover now