အမုန်း မဲ့ကလဲ့စား

6.3K 80 5
                                    

အမုန်းမဲ့  ကလဲ့စား 💏

                  အပိုင်း (၁)

''ညည်း သူ့ကို လက်ထက်မှဖြစ်မယ်. . . သျား. .. . .  

  ''သျှား က အခု လက်ထပ်ရမယ် ဟုတ်လား. . . .  မဖြစ်နိုင်တာ အန်တီ. . . . သေချာတောင်မမြင်ဖူးတဲ့သူကို ယူရမှာ . . . လူကို အကြွေးနဲ့သိမ်းသလို  သိမ်းယူရအောင် အခုရောက်နေတာ ၂၀၁၈. . . . . . ခေတ်နောက်ပြန်ဆွဲတဲ့ အယူတွေနဲ့. . . . .

အန်တီထားထားရဲ့ စကားက သူမကို နှလုံးရောဂါရစေသည် . . . .

''အဲ့ ဒီလို ငါလဲမပြောချင်ပါဘူး . . . .
တော်ကြာ မိထွေးပီပီ  မတရားခိုင်းတယ်လို့ပြောကြလိမ့်မယ်. . .   
ဒါပေမယ့် သူ့ကို လက်မထပ်ရင်  နင့်အဖေက အသက်ကြီးမှ ထောင်ထဲမှာ ဆင်းရဲ ဒုက္ခဖြစ်ပြီး  ငါတို့က လဲ အိမ်မဲ့ ရာမဲ့  လမ်းဘေးမှာတောင်းစားရလိမ့်မယ်. . .  

ဒေါ်ထားထားက စကားလုံးကို လှတ ပတ မပြောတက်သူပီပီ ဒဲထိုးပြောချလိုက်ပေမယ့် မျက်နှာတော့မကောင်းရှာ ။ဘာတွေဖြစ်ကုန်တာလဲ. . . . .

''ဖေဖေ ကရော . . . .

''နင့်အဖေကတော့ နင့်ကို သမီးအဲ့ ဒီကောင်နဲ့ ယူလိုက်ဆိုပြီး အတင်းထိုးပေးစားပြီး သူလွတ် ရုန်းမှာမဟုတ်ဘူး. . . ဒါပေမယ့် ငါ့အတွက်ကျတော့ သူက ငါ့ယောင်္ကျားလေ. . . ပြေလည်ဖို့နည်းလမ်းရှိနေတာမို့ ပြောကြည့်ကြိုးစားကြည့်ရမှာပဲ. . . . .      အမှန်ပြောရ ရင် ငါက နင်ရဲ့ မိထွေးပါ. . ဒါပေမယ့် အဲ့ ဒီကောင်နဲ့ အတင်းပေးစားချင်ရလောက်အောင် ငါ့စိတ်ကလဲ မယုတ်မာဘူး. . . . ငါ့မှာရွှေးစရာမရှိလို့ အခုလိုစကားတွေပြောနေမိတာ . . . . ငါလဲ အဲ့ဒီကောင်ကို တစ်စက်မှ  သဘောမကျဘူး. . . . အာဏာစက် ဆိုတာ အခုမှ ပြောင်းထားတဲ့နာမည် . . . .

အန်တီ ထားထား ကို သျှားထက်စံ နားမလည်သလို ကြည့်မိသည် ။ ပုံစံကြည့်ရတာ အန်တီထားထားက ထိုလူကိုသေချာသိနေသလိုပင်. . .   . .

''သူက ဘာဖြစ်လို့လဲ. . . ကျိကျိတက်ချမ်းသာပြီး လုပ်ငန်းတွေလဲအများကြီးရှိတယ်လို့  နာမည်တော့ ကြားဖူးတယ်. . .   အာဏာစက် ဆိုရင် စီးပွားရေးလောကမှာ မသိသူ မရှိသလောက်ပဲဆို. . . .

အမုန်းမဲ့ ကလဲ့စား/ အမုန်းမဲ့ကလဲ့စားWhere stories live. Discover now