အမုန်းမဲ့ ကလဲစား💏
အပိုင်း ( ၁၅)
''အကိုလေး ၁ နာရီမှာ meeting ရှိတယ်နော်. . .
လူယုံလဲဖြစ် စက် ရဲ့ လက်ထောက်လဲဖြစ်တဲ့ နိုင်ထူးက သတိပေးသလို ပြောလာသည် ။
ဖိုင်တွေ တစ်ထပ်ပြီးတစ်ထပ် လက်မှတ်ထိုး လိုက် ဖုန်းဖြေလိုက် နှင့် အလုပ်ရူပ်နေသဖြင့် နိုင်ထူးက စက် သတိမေ့သွားမှာ စိုးတာဖြစ်သည်။
''၁၅မိနစ်ပဲ လိုတော့တယ်နော် အကိုလေး. . . .
''အေးပါ . . ထိုင်း က ဖုန်း ဆက်မယ့် လူ ချိန်းထားလို့စောင့်နေတာ . . . . .
''ဟုတ်ကဲ့. . ကျွန်တော် က Meeting မမှီမှာဆိုးလို့ သတိပေးနေတာပါ. . .
''တီတီ . . တီ. . .
ထိုစဉ် ဖုန်းဝင်လာသည် ။
''ဟယ်လို . . ခုပြောနေတာ အာဏာစက်ပါ. . . .
ဘယ်သူလဲမသိဘူး. . . . .''အသက်ထက်ပါ . . သျှား ရဲ့သူငယ်ချင်း. . . .
''သြော်. . . . ဟုတ်ကဲ့ ခင်ဗျ. . . . သျှားကို ရှာတာထင်တယ်. . . .
''မဟုတ်ပါဘူး သျှားနဲ့ အလုပ် အတူ လုပ်တဲ့ သူပါ အခု သူ အရင်က ပြခဲ့တဲ့ ဆေး ရုံကို သွားနေတယ်. . အရေးကြီးတယ် အမြန်လိုက်သွားအုံး . . . .
''ဟင်. . . !!!
စက် ဖုန်း ကိုင်ထားရင်း အကြောင်သား ဖြစ်သွားသည် ။
နောက်ထပ် ဖုန်းတစ်ခု ထပ်မြည်လာတာကို ဂရု မစိုက်ပဲ ကုပ္မဏီ အပြင်ဘက်ပြေးထွက်လာခဲ့သည် ။
နိုင်ထွန်းကလဲ ယောင်တောင်တောင်ဖြင့်သူ့နောက်ကပြေးလိုက်လာပြီး.''အကိုလေး Meeting . . .
''Meeting မင်းပဲတက်လိုက်တော့ ငါသွားစရာရှိလို့. . . .
''ဒီနေ့ Meeting က အရေးကြီးတယ်လေ အကိုလေးတက်မှ ဖြစ်မယ်. . . .
''မင်းငါပြောသလို လုပ်စမ်းပါ . . . .
ပြောလဲပြော ကားပေါ်တက်မောင်းထွက်သွားသည့် အာဏာ စက် ကို နိုက်ထွန်းတားဖို့ မတက်နိုင်လိုက် ။
လက် မိုင်ချပြီး ကုပ္မဏီထဲသို့ လူပ်လီလူပ်လဲပြန်ဝင်လာခဲ့သည်။🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
အမျိုးသမီး သီးသန့်ဆေးရုံ မှာ သျှား မိမိ အလှည့် ကို ကျဖို့ ထိုင်စောင့်နေမိသည် ။
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...