အမုန်းမဲ့ ကလဲစား💏
အပိုင်း ( ၁၀)
''ဦးငွေစိုး လာဗျ . . ကြွပါ. . . ဒီဘက်ဝိုင်း. . .
''အေးကွာ မင်းပြန်လာထဲက ဆုံချင်နေတာ. . . ဘယ်လိုလဲ အဆင်ပြေတယ်မဟုတ်လား. . .
''ပြေပါတယ် ကျွန်တော်လဲ ဦးငွေစိုးတို့ရော အဆင်ပြေလား လုပ်ငန်းကိုင်ငန်း. . .
''ဒီလိုပါပဲ ငါ့တူရယ် မင်းလောက်တော့ ဘယ်အဆင်ပြေပါ့မလဲကွာ. . . မင်းလောက်မှ မတော်တာ. . .
''ဦးငွေစိုးက ကျွန်တော်ကိုမြောက်နေပြန်ပြီ ကျွန်တော် ဒီည အဝကျွေးမှာဗျ. . . စားနေကြဦး ကျွန်တော် ဟိုဘက်ခဏသွားဦးမယ်. . . .
''ကောင်းပြီကွာ မင်းလဲ အလုပ်ရူပ်နေတာပဲဟာ .
စက် သူငယ်ချင်းတွေရှိရာ ဝိုင်းသို့လာခဲ့သည် ။
ညီညီ ကောင်းမြတ် ဘုန်းရှိန် သုံးယောက်သား ခေါင်းချင်းဆိုင်နေကြသည် ။''ဟျောင့် စက် . . လာဦး လာဦး. . .
မင်းနတ်သမီး မြင်ဖူးလား. . .''နတ်သမီးငါက ဘာလို့မြင်ဖူးရမလဲ. . . .
''ငါတို့ပြမယ် နတ်သမီးတစ်ပါး. . .
''ဘာတွေပြောနေတာလဲ. . . .
''ထိုင်ပါဆို ပြမယ်. . . ဟိုဘက် အခြမ်းကိုကြည့်လိုက် . . .
ညီညီ လက်ညိုးထိုးပြသည့်နေရာမှာ ခဲရောင်ကိုယ်ကျပ်ဖြင့် ရယ်နေသည့် မိန်းကလေးတစ်ယောက်က ဆီးကြိုနေသည် ။
''အဲ့တာ မင်းမိန်းမ မဟုတ်လား. . .
''ဟုတ်မှာပေါ့. . .
''ဘာလား. . ဟုတ်မှာပေါ့ဆိုတော့မတင်မကျကြီး. . .
မင်းဘာလို့ ဒီပွဲခေါ်မလာတာလဲ. . .''မင်းလဲမြင်တာပဲ သူတို့ လဲ ညစာစားပွဲလုပ်နေတာ. . .
''ခဏလေးခေါ်လာပီးမိတ်ဆက်ပေးလိုက်ပါလားကွ. . .
''မလိုဘူး မင်းတို့ မိတ်ဆက်ချင် သွားဆက်ကြ . .
''ဒီကောင်ကွာ. . . .
''ဒါနဲ့ သူ့ဘေးက ဘဲက အတော်ဖျောင့်တာနော်. . .
''ဆရာ ဝန်လား မင်းသားလားတောင် မသံကွဲဘူး. . . .
မင်းကြည့် လိုက် စက်. . .
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...