အမုန်းမဲ့ ကလဲစား💏
အပိုင်း ( ၁၁ )
''ဦးမျိုး ကို ညဘက်ကြီး ဒုက္ခပေးမိပြီ. .
''ဦးမျိုးက ရပါတယ် . . . . ဟို. . .
''ဘာလဲ ဟိုလူကို စိတ်ပူနေတာလား. .
ပူမနေနဲ့ သူ့လို့ ညဏ်ကြီးရှင်က သူများကုပ္မဏီကိုတောင် မတရားနဲ့ ရအောင်ယူနိုင်သေးတာပဲ ကားလေး ၂စီး အိမ်ပြန်သယ်လာဖို့က မခတ်ပါဘူး . . . ဦမျိုးတောက် အမောင်းနှေးရင် သူက အိမ်ရောက်ရင်ရောက်နှင့်မှာ အဲ့ဒီတော့ မောင်းတော့. .''ဟုတ်ကဲ့. . မမလေး. . .
''မမလေးလို့ မခေါ်ပါနဲ့တော့ဆိုလဲမရဘူး. . .
''အကျင်ပါနေလို့ပါ ဦးမျိုးက. .
သျှား ငယ်စဉ်ထဲက ဖေဖေရဲ့ ဒရိုင်ဘာအဖြစ် အမြဲရှိနေခဲ့သည့် ဦးမျိုးက သူဌေးတွေကို လေးစားသမူနဲ့ မမလေး အကိုလေး ဟုခေါ်ခဲ့သည် ။ သျှား က အရမ်းငယ်တော့ မမလေးဟု ခေါ်တာကို သဘောကျမိသည် ။
''မီးမီးကိုလဲခေါ် . . .မမလေး လို့. .
မပီကလာပီကလာနှင့် ထဲက မမလေးလို့ခေါ်ဖို့တိုပ်တွန်းခဲ့သည် ။
ဦးမျိုး က သူဌေး ရဲ့ သမီးလဲဖြစ်သလို သျှား ကိုလဲချစ်တော့ သျှား ကို ငယ်စဉ်ထဲက မမလေး ဟုခေါ်ခဲ့သည် ။အရွှယ်ရောက်လာတော့ ဘာကြောင့်မှန်းမသိ မကြိုက်တော့ ။ သျှားက ငယ်တာကို ဘာလို့မမလေး ခေါ်ရမလဲဆိုတဲ့စိတ်ပေါ့ ။''မမလေး ရောက်ပြီ. . .
''ကျေးဇူးပဲ ဦးမျိုး နားချိန်တွေ သျှားကြောင့်ပဲ့ကုန်ပြီ . . .
'''အဲ့ဒီလိုမဟုတ်ပါဘူး. . . . ဒါဆို ပြန်တော့မယ်. .
''ဟုတ်ကဲ့. .
သျှား အိမ်ပြန်ရောက်တော့ ရေ ချိုးပြီး ဝရန်တာ ခဏ ထွက်ရပ်လိုက်သည် ။ အာဏာစက် က အတော်ကြာမှပြန်ရောက်လာသည် ။သူ လာတာမြင်မှ အခန်းခဲပြန်ဝင် အိပ်နေလိုက်သည် ။
သက် ကို လဲ ကားပျက်သည့်အကြောင်းဖုန်းခေါ်လိုက်တော့ တအံ တသြ ။တောင်းပန်ပါတယ်ဆိုတာကိုသာ ထပ်ခါ ထပ်ခါပြောလျှက် ။အမြဲတမ်း သျှား တို့မိသားစုကို မကောင်းကြံနေသည့် အဲ့ ဒီလူက လူစွမ်းကောင်း လုပ်ခွင့် ရသွားတာကို မကျေနပ်ဖြစ်မိသည်။ ဒီတစ်ခုကြောင့် သူမ ဘာလုပ်လုပ် ငါ့ကိုကယ်ဖူးတာပဲဆိုပြီး အတွေးဝင်လာရတော့မည် ။
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...