အမုန်းမဲ့ ကလဲစား💏
အပိုင်း ( ၁၇)
''ဟင်. . . မမလေး ဘာဖြစ်လာတာလဲ. . .
သျှား ကိုပွေ့ပြီးဝင်လာတာတွေ့တော့ အလုပ်သမားကောင်မလေး ၂ယောက်က အာဏာစက် နောက်က ပြေးလိုက်လာကြသည် ။ လူတစ်ယောက်လုံးကို ပွေ့ပြီး အပေါ်ထပ်လှေကားထစ်တွေတက်ဖို့က မလွယ်လှ ။
စက် ကတော့ သျှားကိုပွေ့ပြီးတက်သွားသဖြင့် အလုပ်သမားကောင်မလေးအခန်းတံခါးလိုက်ဖွင့်ပေးသည်။''ဘာမှမဖြစ်ဘူး. . . သတိလစ်နေတာ . . .
အာဏာစက် ရေခွက်ကိုကောက်ယူလိုက်တော့. .
''မမလေး က သတိလစ်နေတာ ရေတိုက်လို့ရပါ့မလား. . ဆရာဝန်ခေါ်လိုက်ရမလားဟင် . . မမလေးရဲ့ သူငယ်ချင်းက အချိန် တိုင်းလိုအပ်ရင်ခေါ်လိုက်တဲ့. . .
''ထားလိုက် သူ့ပါသူ သတိရလာလိမ့်မယ်. . .
အစက သူ့အတွေးက ရေပတ်ပြီး နိုးဖိုပေမယ့် သူမ တကယ်ပင်ပန်းနေဟန်ဖြစ်သဖြင့် ဆက်အိပ်စေဖို့ပဲဆုံးဖြတ်လိုက်သည် ။အိမ်အကူကောင်မလေးတွေကိုလဲ နားခိုင်းလိုက်တော့သည် ။
သူလဲ ပင်ပန်း နေသဖြင့် ကုတင်ပေါ်လှဲချ လိုက်ရင်း မျက်လုံးမှိတ်ထားလိုက်သည် ။
သူ မေ့ခနဲ အိပ်ပျော်သွားပြီးမှ ဘေးကလူပ်ရှားမူ့ကြောင့် မျက်လုံးပွင့်သွားသည် ။''အား. . . ခေါင်းနောက်လိုက်တာ. . ငါဘာဖြစ်သွားတာလဲ. . . . ဘယ်လို အိမ်ပြန်လာတာလဲ. . . . .
ခေါင်းကို ကိုင်ပြီး တီးတိုးပြောနေသည့် သျှားက သူဘေးမှအိပ်နေတာ သတိထားမိဟန်ပင်မရှိ ။
စက် အိပ်နေရာမှ ထထိုင်လိုက်သည် ။''ဟင်. . ရှင် . . ဘယ်လို ဒီ အခန်းထဲရောက်နေတာလဲ. .
''မင်းနဲ့ အဲ့ဒီကောင်က တကယ်ပဲဘာလဲ. . .
''ဘယ်သူလဲ ဘာတွေလာမေးနေတာလဲ. .
ခေါင်းနောက်နေတယ် ခဏပြန်အိပ်ဦးမယ် ရှင်ထွက်သွာူ. .''အိပ်ဆေးပါတဲ့အအေးတွေသောက်ပြီးတစ်ချိန်လုံးအိပ်ထားတာ အခု အချိန်တော့ ထပ်အိပ်ဖို့မလိုသေးဘူး. .
''ဟင်. . အိပ်ဆေး.
''မင်းကို အဲ့ဒီကောင်ရင်ခွင်ထဲကနေ ပြန်ဆွဲလုလာတာ ငါသိချင်တာက မင်းတို့ တကယ်ပဲ ဘယ်လိုပတ်သတ်တာလဲ. . .
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...