အမုန်းမဲ့ ကလဲစား💏 အပိုင်း (၁၆.

1K 34 0
                                    

အမုန်းမဲ့ ကလဲစား💏

အပိုင်း ( ၁၆)

''မင်းရောက်လာပြီပဲ. . . .

''အင်း. . .အန်ကယ်ရော. . .

''စောစော က ရှိသေးတယ် ဖုန်းဝင်လာလို့ ကုပ္မဏီမှာ အရေးကြီးလို့ ဆိုပြီး ထွက်သွားပြီ. . .  

''သြော်. . .

''ခေါ်လိုက်တာကို လိုရင်းပဲ ပြောတော့မယ်. . .

''ပြောပါ. . .

''မင်း ခေါင်းထိထားတာ အဆင်ပြေရဲ့လား. . . ဆေးခန်းမပြဘူးလား. . 

''အင်း. . ဘာမှမဖြစ်ဘူး. . 
သျှား ပဲ ဆေး စည်းပေးထားတယ်. . .

''မင်းတို့ ၂ ယောက်အဆင်ပြေပြေ နေလို့မရဘူးလား. . .

ဒေါ်ထားထားရဲ့ အမေးစကား အာဏာစက် မော့ကြည့်လိုက်မိသည် ။

''လွန်ခဲ့တာက ငါပါ . . .  အပြစ်ရှိတာလဲ ငါပဲ. . .  သျှား အဲ့ ဒီကလေး မင်းအပေါ်  ဘာအပြစ်မှမလုပ်ဖူးဘူးထင်တယ်. . . . . . အခု ၂ယောက်က လက်လဲလက်ထပ်ပြီးပြီ သူ့အပေါ် ဒီထက် ကောင်းကောင်းဆက်ဆံပေးလို့မရဘူးလား. . . .
မင်းကတော့ မျက်နှာပြောင်တယ်လို့ ထင်ရင်ထင်မယ် ဒါပေမယ့် ငါ ဂရုမစိုက်ဘူးး. .. . ဒါပေမယ့် မပြောမဖြစ်ပြောရမှာပဲ. . . .မင်းအပေါ်မှာ ခွင့်မလွတ်နိုင်လောက်တဲ့ အပစ်တွေ လုပ်ခဲ့မိသလို ငါလဲနောက်တရနေပါပြီ ။ ငါ့သမီးလေးကိုလဲဆုံးရူံး ခဲ့ပြီးပြီ ။ငါ့ရဲ့လောဘ မာနတွေကြောင့် ငါ့သမီးလေး အဖြစ်ဆိုးနဲ့ကြုံခဲ့ရတယ်.  . 
မင်းတို့၂ယောက်ကိုခွဲခဲ့မိတယ် ။
ဒါပေမယ့်အဲ့တာ ငါ့သမီးလေးကိုကောင်းစားစေချင်လို့ပါ ။
ဘယ်မိဘ ပဲဖြစ်ဖြစ် သားသမီူအပေး အကောင်းဆုံးဆိုတာတွေကိုပဲရွှေးချယ်ပေးခဲ့မှာပဲလေ။
ပြီးတော့ သု က သျှား နဲ့မတူဘူး လောဘနည်းတယ် ဒါကြောင့် လဲ စိတ်ပူလွန်ခဲ့တာ ။ ငါမရှိတော့ရင်ဆိုတာမျိုးတွေးမိပြီး သူ့ကို ဒုက္ခတောထဲရောက်မှာဆိုးခဲ့တာ ။
အကောင်းဆုံးလို ထင်ပြီး ဖိအားပေးပြီး ရွှေးချယ်စေခဲ့တာ ။ဒါပေမယ့် မှားတယ်ဆိုတာကိုနောက်မှသိခဲ့တယ် ။
မိ ဘ တွေရဲ့ စေတနာကို မင်း  မိဘနေရာရောက်တဲ့တစ်နေ့မှာ နားလည်သွားလိမ့်မယ်.  . .

''မဖြစ်နိုင်ဘူး . . ကျွန်တော်က ခင်ဗျား မှမဟုတ်တာ. . .

''ဟုတ်ပါတယ်လေ မိဘတိုင်းလဲတူတာမှမဟုတ်တာ
ငါက အဲ့ ဒီလို တယူသန်အတွေးရှိတဲ့ မမေမျိုးပါ
ငါပဲမှားခဲ့တာ အဲ့တာကြောင့် သျှား ကို မမုန်းပါနဲ့. . .
အဲ့ ဒီကလေး ငယ်ငယ်ထဲက နာကျင်ခဲ့ရတာ. ,
၎နှစ်သမီး ပဲရှိသေးပေမယ့် အမေ မရှိတော့ ဘူး. .
အဖေ ကနောက်အိမ်ထောင်ပြုခဲ့တယ်
မိခင်မေတ္တာမရခဲ့တဲ့ အဲ့ဒီကလေး  ငါ့ဆီကလဲမရခဲ့ရှာဘူး
ငါ အဲ့လိုအမေမျိုးပါ . . ချိုချိုသာသာလဲမပြောတက်ဘူး. .
အမေ မေတ္တာ မရခဲ့တဲ့ အဲ့ဒီကလေး  ငါ့ရဲ့ သမီး သုကလေး က သူ့ရဲ့ အမ ရော အမေ ရော ဖြစ်ခဲ့တယ်. . . . . . . .
မျက်စိအောက်က အပျောက်မခံအောက်တွယ်တာနေခဲ့တယ်. . .
မင်းကြောင့်  သူ့အမ နာကျင်ခံစားရတာတွေမြင်တိုင်း  မင်းကို မမြင်ဖူးခင်ထဲက မုန်းနေခဲ့တာ. . . .
ပြီးတော့ သျှား က အခြားကလေးတွေနဲ့မတူဘူး
အထူးသဖြင့် သု နဲ့လဲမတူဘူး
ခံစာူချက်ကို ဖွင့်ပြလေ့မရှိဘူး
မျက်ရည် လွယ်လွယ်မကျတက်ဘူး
သူ့ အမ သေတဲ့နေ့က စပြီး ၁လ ကျော်ထိ စကားတစ်ခွန်းမှမပြော ပဲနေ ခဲ့တယ်
ငိုလဲမငိုဘူး. . . စိတ်တိုတာ စိတ်ညစ်တာ ဘာမှန်းမသိပဲအဲ့ဒီအတိုင်း  . . . 
ဒါလုပ်ဆိုမှလုပ်တယ်. .
အရမ်းစိုးရိမ်ပြီး ဆေးခန်းပြရတဲ့အထိ
ငါ စိတ်ထင် အ သွားပြီလို့ ထင်ခဲ့တာ.   . . .
သူက ရင်ထဲမှာပဲ ကျိတ်ပြီးခံစားတက်တဲ့လူမျိုး. .   
သမီးအရင်းက  သေ  သူကလဲ ဒီအတိုင်း စကားမပြောတော့ ငါတို့အရမ်းကို စိတ်သောကရောက်ခဲ့ရတယ်.   
နောက်မှစကားပြန်ပြောပေမယ့် လိုတာထက်ပိုမပြောတော့ဘူး.      . . .
မျက်နှာ အသေနဲ့ အရယ်အပြုံးလဲသိပ်မရှိတော့ဘူး. . .
အချိန်တွေအကြာကြီးပုံမှန်ပြန်ဖြစ်ဖို့ကြိုးစားခဲ့ရပေမယ့်
မင်း က  ပုံစံတစ်မျိုးနဲ့ သူ့ရှေ့ရောက်လာခဲ့တယ်
အစက ငါ လဲမသိဘူး မင်းကို မုန်းနေတာကို
လက်ထပ်ဖို့စေခိုင်းခဲ့မိတယ်
မိသားစုကိုကယ်တင်ဖို့အတွက်. .  
အသဲအသန် ငြင်းမယ်လို့ထင်ခဲ့ပေမယ့် လက်ခံခဲ့တယ်
ငါ ဘာလို့ဒါတွေပြောနေတယ်ထင်လဲ. .  
ငါပြောချင်တာက မင်းထင်သလို သျှားက မင်းဘေးကို ငွေချမ်းသာလို့ရောက်လာတာမဟုတ်ဘူးဆိုတာပဲ. .  
မင်း ဘေးကိုရောက်ဖို့ သူ့ကိုသူ ဖိအားပေးခဲ့တာ
သူ့အမ အတွက် အမုန်းတွေနဲ့တုန့်ပြန်ဖို့. . .
အရင်က ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့  မှားတာက ငါမို့ ငါ့ကိုပဲမုန်းပါ အဲ့ဒီကလေး နာကျင်ပြီးသားမို့ ကျေးဇူးပြုပြီးကောင်းကောင်း ဆက်ဆံပေးပါ. . . 

အမုန်းမဲ့ ကလဲ့စား/ အမုန်းမဲ့ကလဲ့စားWhere stories live. Discover now