အမုန်းမဲ့ ကလဲစား💏
အပိုင်း ( ၂၅) ဇတ်သိမ်း ဒုတိယပိုင်း
''ဟင်. . . .
အေးစက်စက် အထိအတွေနှင့် နွေးထွေးမူ့ရောယှက်နေသည့်ခံစားချက်နဲ့အတူ သျှား ထိုလူကိုလှည့်ကြည့်လိုက်ချိန်မှာ အံအားသင့်သွားခဲ့သည် ။
''ဟာ. . သူက. . .
''သူက အာဏာစက် မဟုတ်ဘူးလား. . .
''ဒါဆို ဒါက ဘယ်သူလဲ. . . .
''ဘာတွေဖြစ်ကုန်တာလဲ. . . .
သျှား ဘာမှမပြောနိုင်စွာ ထိုလူကိုမော့ကြည့်နေမိသည် ။
ခေါင်းမှာရော လက်တစ်ဖတ်မှာပါ ပတ်တီးစီးထားပြီး ထိုလူက သူမရှေ့မှာ မတ်တပ်ရယ်နေသည် ။ သူ့ရဲ့ ကိုယ်သင်းရနံကိုလဲ သူမရနေသည် ။
ဒါက တကယ့်ဖစ်နေတာလား. . .စိတ်ထဲထင်နေတာလား. .
သူ့ကို မြင်ချင်မိတဲ့စိတ်ကြောင့်ထင်ယောင်ထင်မှား ဖြစ်နေတာလား. . . ကုတင်ပေါ်မှသေဆုံးပြီးသားလူကို ပြန်ကြည့်မိပြန်သည် ။ဒါကနောက်နေတာဆိုရင်တောင် ဒီလောက်ထိ တိုက်ဆိုင်မနေသင့်ပါ ။ သျှားမြင်ယောင်နေတာဆိုရင် အခြားသူတွေကရော. . . . သျှား ကို ထိကိုင်ထားသည့်အထိအတွေ့က ရေစိုနေတာကြောင့် အေးနေတာဖြစ်သည် . . သျှား မော့ကြည့်နေမိရင်း မယုံနိုင် ဖြစ်နေရင်း ပတ်တီးစီးထားခြင်းမရှိသည့်လက်ကိုသွေးခုံနူန်း စမ်းလိုက်သည် ။
ပြီးတော့ စိုရွှဲနေတဲ့ ခန္ဒာကိုယ်ကို ခါးမှ သိုင်းဖတ်လိုက် ရင်း အင့်ခနဲ့ ရိုက်ငိုလိုက် သည် ။ စက် က ပြန်လည် ဖတ်တွယ်ထားရင်း. . . .''ကိုယ်ဘာမှမဖြစ်ဘူး မငိုနဲ့တော့. . . . .
ဖတ်ထားသည့် လက် ကိုခွာလိုက်ရင်း မျက်နှာဖူးဖူးလေးမှ မျက်ရည်စတွေကို တယုတယ သုပ်ပေးလိုက်သည် ။
''ဘာမှမဖြစ်တော့ဘူး. . .ကိုယ်ဒီမှာ အကောင်းကြီး ရှိနေသေးတာပဲဟာ. . . မငိုနဲ့တော့ ခေါင်းတွေကိုက်လာလိမ့်မယ်. . . .
မငိုနဲ့တော့ ပြောမှ မျက်ရည်က ပိုကျလာသည် ။
အခြားဆရာ ဝန်တွေ က သေဆုံးသွားသည့် လူနာကို မှတ်တမ်းတင် သေချိန်သက်မှတ်ပြီး ပိတ်ဖြူနှင့်အုပ်လိုက်ကြသည် ။မိသားစုကို စုံစမ်းပြီး ဆက်သွယ်ဖို့ မေးမြန်းနေကြသည် ။
စက် . . . လက်ဆွဲပြီး ခေါ်လာသဖြင့် အပြင်ရောက်လာပြီး သူမရဲ့ ရုံးခန်းထဲသို့ ရောက်လာခဲ့သည် ။
သူနာပြု ကောင်မလေး ယူလာပေးသည့် ဆေးရုံ ဝတ်စုံ တစ်စုံကို ယူလိုက်ရင်း စက် ကို အကျီင်္လဲဖို့ကူညီလိုက်သည် ။
လက်တစ်ဖတ်က ပတ်တီးစီးထားသဖြင့် သုံးလို့မရတာကြောင့် သူမပဲ အကျီင်္ ချွတ်ပေးလိုက်သည် ။ပြီးတော့ ပြန်ဝတ်ပေးရင်း ခိုက်မိထားသည့်နေရာအချို့ကိုပါ ဆေးထပ်ထည့်သည် ။ခေါင်းမှပတ်တီးက သွေးတိတ်ယုံ စီးထားတာကြောင့် ပြန်ဖြေ လိုက်သည် ။ သူမ လိုအပ်သိလို လူပ်ရှားနေပေမယ့် မျက်ရည်တွေ ပါးပြင်ပေါ် မနားတမ်း ကျဆင်းနေဆဲ ။
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...