အမုန်းမဲ့ ကလဲစား💏 အပိုင်း ( ၁၂

1K 39 0
                                    

အမုန်းမဲ့ ကလဲစား💏

အပိုင်း (၁၂)

ထိုးကိုက် လာသည့် ခေါင်းကို ဖိကိုင် လိုက်ရင်း  အာဏာစက် ထ ထိုင်လိုက်သည် ။ ညက သူ သောက်တာ များသွားသည်ထင် ။ခေါင်းထဲထိုးကိုက်နေသည့် ဝေဒနာကို ခံစားနေရသည် ။ မျက်လုံးဖွင့်လိုက်တော့.   . . .

''ဟင်. . ဒါက ငါ့အခန်းမဟုတ်ပါလား. . . . .

သူတို့ ၂ယောက်အတွက် ပြင်ဆင်ထားသည့် မင်္ဂလာ အခန်း ဖြစ်ပြီး ယခု တော့ သျှား အသုံးပြုနေသည့် အခန်းလဲဖြစ်သည် ။

''ငါက သူ့အခန်းဘယ်လိုရောက်လာတာလဲ. . .
ညက အခန်းမှားသွားတာထင်တယ်. . . . .

သူငယ်ချင်းတွေ စုံသည့်အခါတိုင်း အနည်းအကျဉ်းသောက်ဖြစ်ကြသလိုပဲ ညကတော့ သူ အတော်ကို မူးသွားခဲ့သည် ။ ညီညီ ပြန်လာပို့တာလား ဘယ်သူ လိုက်ပို့လဲဆိုတာ လဲ သူမသိ . . .အိမ်ကို ဘဟ်လိုပြန်ရောက်လာတယ်ဆိုတာလဲ သူမသိပေ ။
သျှားထက်စံကတော့ သူ့ပုံစံကို မြင်ပြီး အတော်အထင်သေးသွားမှာပင် ။

ချွတ်ပြီး လွင့်ပစ်ထားမိသည့် အဝတ်တွေကောက်ဝတ်လိုက်ရင်း ဘီဒို ထဲမှ အသစ် တစ်စုံကို ထုပ်ယူလိုက်သည် ။ သျှားထက်စံ က ရေချိုး ခန်း ထဲမှာရှိနေသံကြားရသဖြင့် သူ ဘာမှပြော မနေတော့ ။ သူ အလုပ်သွားဖို့ မနက်စာ ဆင်းစားတော့လဲ သျှား က အိမ်မှာ ရှိမနေတော့ပေ ။

''ဟိုတစ်ယောက် ဘယ်ရောက်သွားလဲ. . .

''မမလေးလား. . အလုပ်သွားပီ. . .

''ဒီလောက်အစောကြီးကို. . . 

''အင်း ဘာမှတောင်စားမသွားဘူး အရင်လိုနေပုံပဲ. . .  

''သြော် ဟုတ်လား. . . .

ထိုမျှအနည်းအကျဉ်း အိမ်က သန့်ရှင်းရေးသမားတွေကိုမေး ခဲ့ပြီးဟသူလဲ အလုပ်လာခဲ့သည် ။ ညီညီ ပြန်ပို့ပေးတာဟု သိရပြီး သျှားထက်စံကတော့ ထိုကိစ္စနှင့်ပတ်သတ်ပြီးတစ်ခွန်းမျှမဟပေ. . . .

***********-*******-*****

အချိန်တွေ တဖြေးဖြေး ကုန်မှန်းမသိ ကုန်လာသလို  သျှား နှင့် ခန့်တို့လဲ  သူငယ်ချင်းတွေပမာ ဖြစ်လာခဲ့သည် ။
သျှားက ယောင်္ကျားလေး သူငယ်ချင်းဆိုတာထက် ခန့် ကို လူနာတစ်ယောက်လို ဆက်ဆံတာဖြစ်သည်။ သျှားကလဲ နှလုံးအထူးကု ထူးချွန်ဆရာဝန်ဖြစ်ချင်တာမို့ နှလုံးရောဂါသည် ဘယ်သူဖြစ်ဖြစ်  သူမ ဒီအတိုင်း ခင်ခင်မင်မင်နွေးနွေးထွေးဆက်ဆံနေကျဖြစ်သည်။

အမုန်းမဲ့ ကလဲ့စား/ အမုန်းမဲ့ကလဲ့စားWhere stories live. Discover now