အမုန်းမဲ့ ကလဲစား💏
အပိုင်း (၄)
''ရှင်ဘာလို့ အလုပ်သမားတွေကိုထွက်သွားခိုင်းတာလဲ. . . . . . .
''မင်းရှိနေတယ်လေ မင်းပြင်ပေါ့. .
''ရှင့် အိမ်ဖော် မဟုတ်ဘူး. . . .
''သိတယ် မင်းက ငါ့ ဇနီး ငါပိုင်တဲ့မိန်းမ အဲ့ ဒီတော့ မင်း ငါ့အတွက်စားစရာတွေပြင်ပေး. . . အခု. . . . .
စားသောက်ချိန်က အစ လိုက်နှောက်ယှက်နေသည့် လူ ။
ဖျော်နေသည့် ကော်ဖီကိုနှံအောင်မွေပြီးသောက်ကြည့်လိုက်သည် ။
''ကော်ဖီ ပါဖျော်လိုက် . . .
''ရှင့် လက်ပြတ်နေလို့လား . . .
''လက်မပြတ်ပေမယ့် ငါ့မှာ ခိုင်းလို့ရမယ့်လူရှိတယ် . . .
ဖျော်ပေးကော်ဖီ. . .သျှား စောင်ကြည့်လိုက်ရင်း ကော်ဖီဖျောပြီး ထိုလူရှေ့ ဆောက့်ခနဲချပေးလိုက်သည် ။ ပြင်ဆင်ပေးထားသည့် စားစရာတွေကို လဲ ပန်းကန်ထဲထည့်ပေးလိုက်သည် ။
သျှား လဲစားပွဲဝင်ထိုင်ပြီးစားဖို့အလုပ်. .''ခါးလိုက်တာ ကော်ဖီပြန်ပြင်ပေး မသောက်နိုင်ဘူး ဒီလောက်ခါးတာ. . . . . .
သျှား ကော်ဖီခွက်ကို ဆွဲယူလိုက်ပြီး သကြားအနည်းငယ်ထည့်မွေပြီး ပြန်ပေးလိုက်သည် ။ ထိုင်ခုံမှာပင်ပြန်မထိုင်ရသေး . . . .
''ဟား အရမ်းချိုသွားပြီ မင်းကော်ဖီလေးတောင်မဖျော်တက်ဘူးလား သုံးစားလို့မရဘူး. . . .
''ဘာ. . .
''ဘာ မလုပ်နဲ့ ပြန်ပြင်ပေး. . . .
သည်းခံနိုင်စွမ်းကုန်ပြီး ဒေါသထွက်သွားသည် ။
စောင်ကြည့်လိုက်ပြီး ကော်ဖီခွက်ကိုပြန်ယူလိုက်သည် ။
ပြီးနောက် ဆားဘူးကို ဆွဲယူပြီး ၃ဇွန်းခန့် ခပ်ထည့်လိုက်သည်။ ပြီးနောက် အသေအချာမွှေပြီး ရှေ့ချပေးလိုက်သည် ။
အာဏာစက် က ချက်ချင်း မသောက်သေးပဲ မုန့်ကို အရင်စားနေသည် ။ သျှား လဲ မှင်သေသေနဲ့ မုန့်စားလိုက် ကော်ဖီသောက်လိုက် ။ အတန်ကြာမှ အာဏာစက် က မုန့်စားလို့ပြီးသွားဟန် ကော်ဖီကို မော့သောက်လိုက်သည် ။
JE LEEST
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romantiek''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...