အမုန်းမဲ့ ကလဲစား💏 အပိုင်း ( ၂၂)

1K 39 0
                                    

အမုန်းမဲ့ ကလဲစား💏

အပိုင်း ( ၂၂)

ဒီရက်ထဲ ပြန်ရောက်စမို့ အလုပ်ကို ဖြည်းဖြည်း ချင်းလုပ်ချင်ပေမယ့် ဆေးရုံ  ဖွင့်မှာမို့ လုပ်စရာတွေကပုံအော လို့နေသည် ။
အာဏာစက်  လူလွတ်ပြီး ပြင်ဆင်သင့်သည့်နေရာတွေ ပြင်ဆင် ပေးသဖြင့် ဆေးရုံ ပြုပြင်ရေးပိုင်းတွေမှာ သျှား ပါးစပ်လူပ်လိုက်တာနှင့် အဆင်ပြေသည်။
သျှား ပြောသည့် အတိုင်း တဝေ မသိမ်းလုပ်ပေးကြသည် ။ သျှားနှင့်အတူ အလုပ်လုပ်မည့် ဆရာ ဝန် ဇနီး မောင်နှံ ကလဲ အာဏာ စက် သတင်းတွေအစထဲကဘသိတာမို့ သဘောကျလို့မဆုံး . . . သူ ကိုယ်တိုင်မလာပေမယ့်အလုပ်သမားတွေက သူမ က သူတို့သူဌေးရဲ့ ဇနီး ဆိုတာ သိထားပုံပင် ရိုကျိုးကြသည် ။
ဘဏ် အကောင့် ထဲမှာလဲ ငွေက လျှော့သွားတယ်ဆိုတာမရှိ . . . . .
  တကယ်ဆို တည့်တာလဲ မဟုတ်ပဲ ဒီလောက်ထိ လုပ်ပေးနေဖို့မှမလိုတာ. .   

ညနေ အတော် မိုးချုပ်မှ အမြဲ အိမ်ပြန်ဖြစ်သည် ။
အလုပ်တွေပြီးလို့မဟုတ်ပဲ ပင်ပန်းလို့ နားလိုက်ယုံသာ ။
သျှား ဒီနေ့လဲ အတော်မှောင်မှ အိမ်ပြန်လာခဲ့သည် ။ ကားကို အိမ်ရှေ့မှာပဲရပ်လိုက်ပြီး ခြံစောင့်က အထဲရွှေ့ပေးမယ် ဆိုသဖြင့် ကားသော့ကမ်းပေးလိုက်သည် ။
ကွန်ပျူတာတွေရော ဖိုင်တွေရော အထပ်လိုက် မနိုင်မနင်းသယ်လာခဲ့သည် ။

သျှားစက်လွှာ ထိုအရိပ်လေးကို မ မှိတ်မသုန် ကြည့်နေမိသည် ။ ရွှေ အိုရောင် ဆံပင်တွေကို ခ်ပ်မြင့်မြင့် စီးနှောင်ထားသဖြင်လ့မ်းလျောက်တိုင်းလူပ်ခါသွားတာကလဲ ကြည့်ကောင်းသည် ။  အရပ်မြင့်မြင့် ဒေါက်ဖိနပ်ကလဲ ချွန်ပြီး လမ်းလျောက်ပုံက စမတ်ကျသည် ။ ဖြူဖွေးသော အသားအရည်  ။အားလုံးခြုံငုံကြည့်လိုက်ရင် အရမ်းကို လှပ ကျော့ရှင်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည် ။

ဒါက အန်တီ   ဇွန်သံစဉ် လား . . မဟုတ် နိုင် . . အန်တီ ဇွန်သံစဉ်က လှပြီး ဆံပက်က ရွှေအိုရောင်ပဲ ဆိုပေမယ့် ဒီလောက်မလှသလို  ဆံပင်ဒီလောက်လဲမရှည် ။ မှောင်လဲမှောင်  မီးရောင်နဲ့ သျှားစက်လွှာ ရပ်နေသည့်နေရာနှင့် အကွာအဝေး လှမ်းတာကြောင့်မသဲမကွဲ  ဖြစ်နေသည် ။
ဒါက ဘယ်သူလဲ. . . . .  မေမေ လား. . . .
မေမေ ပြန်ရောက်လာတာလား. . .

အမုန်းမဲ့ ကလဲ့စား/ အမုန်းမဲ့ကလဲ့စားWhere stories live. Discover now