အမုန်းမဲ့ ကလဲစား💏
အပိုင်း ( ၂၀ )
"ညိုညို ဖေဖေ က လဲပြန်မလာသေးဘူး. . . .
''လာတော့မှာပါ ညိုညိုနဲ့ကစားမယ်လေ. . .
''ဘယ်လိုကစားမှာလဲ ကလေးဆန်တာတွေမဆော့ချင်ဘူး. . . .
''အောင်မလေးတော် ကလေး ဆန်တာတွေမဆော့ချင်ဘူးဆိုတော့ မီးမီးလေး က ကလေး မဟုတ်ဘူးလား. . .
''အဲ့တာဆို ညိုညို က လူနာ လုပ်. .
''ဟမ် . . !!!!
"မီးမီး က မေမေ လို ဆရာ ဝန် လုပ်မယ်လေ ညိုညို က လူနာ. . .
''သြော်. . အင်း. . ဟုတ်ပါပြီ. . . .
သျှားစက်လွှာ လေးကပြောပြောဆိုဆို သူမ အရုပ်ဘီဒိုထဲမှ ကလေးဆော့စရာဆေးသေတ္တာလေးကို ထုပ်ပြီး ညိုညိုနား လာရပ်သည် ။
''လှဲလိုက်လေ. . လူနာဆိုတာ လှဲနေရတယ်. .
''ဟုတ်လား. . . မသိလို့ပါ လှဲနေပြီနော်. .
ညိုညိုက ကြမ်းပြင်မှာ လှဲချလိုက်တော့ သျှားစက်လွှာ က နားကြပ်လေးထုပ်ယူပြီး ဆရာဝန်တစ်ယောက်ပမာ ညိုညိုကို စမ်းသပ်နေသည် ။
အတန်ကြာတော့မလူပ်မယှက်လေး ထိုင်ကျသွားသည် ။''မီးမီး ဘာဖြစ်လို့လဲ ဘယ်နားနေမကောင်းလို့လဲ. . .
အငြိမ်သိပ်မနေတက်သည့်ကလေး ကငြိမ်ကျသွားတော့ ညိုညို အရမ်းကို ထိပ်လန့်သွားသည် ။
''ညိုညို. .
''အင်းမီးမီးလေး ဘယ်နား နာနေတာလဲ. . . .
''ဟင့်အင်း. . .
''ဒါဆို ဘာလို့လဲ ညိုညို ကိုလန့်အောင်မလုပ်ပါနဲ့. . .
သျှားစက်လွှာ ရှေ့မှာ ငုတ်တုပ်လေးထိုင်ချပြီး ပခုံး လေးကိုင်မေးနေသည့် ညိုညို ကို သျှားစက်လွှာ ကမော့ကြည့်လာပြီး. . .
''မေမေ က ဘယ်တော့ပြန်လာမှာလဲဟင်. . . .
''ဟင်. . !!!
ထက်မထားတဲ့မေးခွန်း နုငယ်လွန်းတဲ့ ကလေးအတွက် ညိုညို ဘာဖြေရမှန်းပင်မသိတော့. . .
''မေမေက ပညာအရမ်းတော်လို့ နုင်ငံခြားမှာကျောင်းသွားတက်ရတာလို့ ညိုညိုပြောသားပဲ မီးမီးလေးက မေ့နေပြီလား. . . . ကျောင်းတက်လို့ပြီးရင်ပြန်လာမှာပေါ့ မီးမီးလေးလဲ ခု ကျောင်းတက်နေတယ်လေ အဲ့ဒီလိုပေါ့. . . .
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...