အမုန်းမဲ့ ကလဲစား💏
အပိုင်း (၅)
''မင်း က အလုပ်ဆင်းတော့မယ် ဟုတ် လား ၁ပတ် နားခွင်တင်ထားတာဆို ၃ရက်ပဲရှိသေးတာကို. . . . .
ဆေးရုံသွားဖို့ပြင်ဆင်ပြီးထွက်လာသည့် သျှား ကိုမြင်တော့ အာဏာစက် ကမေးလိုက်သည် ။
''ရှင့် အလုပ်လို သျှားရဲ့အလုပ်က အလုပ်သမားတွေ ကို ညွန်ပြပေးရုံနဲ့ရတာ မဟုတ်ဘူး. . . ကိုယ့်အရည်အချင်းနဲ့ကိုယ် လုပ်ရတာ . . . .
လူနာတွေကို ပစ်ပီး အိမ်မှာ အကြာကြီးနေတော့ရော ဘာထူးလာမှာမို့လို့လဲ. . . . . ရှင့်ကို ဖြေရှင်းပြနေရတာ အချိန်ကုန်တယ် ဖယ်. . . . .''အဲ့ဒါဆိုလဲ မင်း ကားယူသွားလို့မရဘူး. . . .
''ကား ဒရိုင်ဘာ လာခေါ်မှာ မို့ ရှင့်ကားလဲ ယူမသုံးဘူးစိတ်ချ . . . , .
''ငါလဲ အပြင်သွားမှာပဲ လမ်းကြုံတယ် သွားမယ် . . .
''အို မလိုပါဘူး. . . .
''လိုတယ်. . . . .
ပြောပြီး အရှေ့ကထွက်သွားသည့် အာဏာစက်နောက်မှာတော့ ပြုံးနေသည့်မျက်နှာလေး ။
အာဏာစက် ကားလေး ဆေးရုံရှေ့အရောက် ကားရပ်တန့် အချက်ပြမီးလေး အရှိန်လျှော့ ချလျှက် ရပ်သွားသည် ။ သျှား ကားပေါ်ကနေ ဆင်း ဖို့ပြင် လိုက်ရင်း စက်ရဲ့ ထိုင်ခုံအနောက်ကိုပုတ်လျှက် . .''ရှင် ခဏ ဆင်း. . . . . .
''ဒီလောက်ထိမလိုဘူးထင်တယ် . . . . ဘာလဲ မင်းကို အထဲထိ လိုက်ပို့ဖို့မျော်လင့်နေတာလား. . . ?
သျှား ကားတံခါးကို ဆက်ခနဲ ဆွဲဖွင့်လိုက်သည် ။
''ရှင်တော်တော် စကားများပါလား. . . . .
ရှင့်ကို ဒီဆေးရုံအထိ ခေါ်လာတာ အရည်မရအဖတ်မရ ငြင်းခုန်နေဖို့မဟုတ်ဘူး. . . . ရှင့်ကို သွေးစစ်ဖို့. . . . .''ဘာ. . . မင်း ဘာပြောတယ်. . . .
စက်မျက်လုံးတွေ မီးဝင်းဝင်းတောက်သွားသည် ။
''ရှင်က ဘာဖြစ်တာလဲ မိန်းမတွေနဲ့ ထည်လဲတွဲပြီး ပွေရူပ်ခဲ့တဲ့ရှင့် ကို သွေးမစစ်ပဲ ပေါင်းနေရတာ ဘယ် မိန်းမကောင်းမှ သတီမှာမဟုတ်ဘူး. . . .
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...