အမုန်းမဲ့ ကလဲ့စား😘
အပိုင်း ( ၁၉)
ဆုံးဖြတ်ချက် ခိုင်မာစွာ ချပြီးနောက် သျှား လဲ ရေမြေခြားသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည် ။
ကားသမားကိုလဲ လိုက်မပို့ခိုင်းတော့ သံယောဇဉ်ဖြတ်ရင် အားလုံးကိုဖြတ်ရမယ်မဟုတ်လား. . . . .
သျှား လက်ကေ့စ် အိပ်ကိုစွဲပြီး အိမ်ကို နောက်ပြန် ပြန်ကြည့်လိုက်မိသည် ။ ဒီလူနဲ့ လက်ထပ်ပြီးထဲက မနေချင်ခဲ့ပေမယ့် ဒီအိမ်မှာ သူမ အကြာကြီးနေ နေခဲ့တာမဟုတ်လား ။ အရာရာက ကျင့်သာရနေခဲ့ပါပြီ ဒါပေမယ့် အခုတော့ နူတ်ဆက်ဖို့အချိန်ရောက်ပြီပေါ့ ။
စိတ်ဆုံးဖြတ်ချက်နဲ့အတူ ကျောခိုင်း လိုက်ပြီးနောက်.''သျှား . . . .
ခေါ်သံက သျှားရဲ့ ခြေလှမ်းတွေကို တုန့်ဆိုင်းသွားအောင် ဆွဲငင်အားပြင်းသည် ။
''ဘာလဲ . . . .
''မင်း မသွားလို့မရဘူးလား. . .
''ရှင်နဲ့ပြောစရာစကားမရှိဘူး. . . . .
''မင်းရော ငါ့ဘေးမှာနေချင်တယ် မဟုတ်လား. .
ငါ မသိဘူးများထင်နေလား. . .''ရှင့်နဲ့ပြောစရာမရှိဘူး သွားတော့မယ်. . .
''တောင်းပန်ပါတယ်. . . . အဲ့ဒီနေ့က မင်းသွားမယ်ပြောတာကို မကန့်ကွက်မိလို့. .
မင်းအရင်ကပြောခဲ့တာတွေကို တစ်ခုမှမယုံဘူး. . .
မသွားပါနဲ့. . . . .''တော်ပါတော့. . . .
''ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး. . . .
ဒါပေမယ့် ထွက်မသွားပါနဲ့. . . .
ဘေးနားမှာရှိနေပေးပါ. . . . .သျှား ကိုနောက်ကျော ကနေ သိုင်းဖတ်ပြီး ပြောလာသည့် စက် ရဲ့ စကားသံ. . . . ကျောရိုးတစ်လျောက်လုံး နာကျင်သလိုလို အေးစိမ့်လာသလို ဘာမှန်းမသိတဲ့ ခံစားချက်ခံစား လိုက်ရသည် ။
''ရှင် တစ်ဖတ်သတ်ပြောချင်ရာမပြောနဲ့ လွတ် . . . .
စက် ဖတ်ထားသည့်လက်ကို တွန်းဖယ်လိုက်ရင်း စောင့်တွန်းလိုက်သဖြင့် သျှား နှင့် အဝေး ကို စက်ရောက်သွားသည် ။
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...