အမုန်းမဲ့ ကလဲစား💏 အပိုင်း (၁၃

1K 42 0
                                    

အမုန်းမဲ့ ကလဲစား💏

အပိုင်း (၁၃)

''ဘာလဲ. . .မင်းက ငါ့ကို ဘာပြောစေချင်တာလဲ. . .

''ဝါး. . .ရှင်တကယ့် ဦးနှောက်မရှိတဲ့  အရိုင်း အဆိုင်းပဲ . . .

''ဘာ. . . .

''ကြားတဲအတိုင်းပဲ. . . 

စက် သျှားထက်စံက်ု သေချာစိုက်ကြည့်လိုက်သည် ။ သျှား ထက်စံ ယောင်္ကျားတစ်ယောက်နဲ့ အတူတွေ့လိုက်ရုံနဲ့
သူ ဘာလို့ ဒေါသဒီလောက်ထွက်နေရတာလဲ ။
အဲ့ ဒီယောင်္ကျားသူ့ဘေးမှာ ရှိနေတာ တကယ်ဆိုသူနဲ့မှမဆိုင်တာ ။ ဘာဖြစ်ဖြစ် ဥပေက္ခာ ပြုမယ်လို့  အမြဲ တွေးခဲ့ပြီး သူဘာလိုဒေါသထွက်နေရတာလဲ ။
ဒါက သဝန်တိုနေတယ်လို့ သတ်မှတ်ရမှာလား ။
မဖြစ်နိုင်တာ ငါကဘာလို့ ဒီလို မိန်းမကို သဝန်တိုရမလဲ ။

''ငါက အရိုင်းအဆိုင်း ဆိုရင် မင်းကရော . . . .
ဒီမှာ မင်း မရှက်တက်ဘူးလား  . . . ဖောက်ပြန်ချင်ရင် ငါ့ကွယ်ရာမှာ ဖောက်ပြန်လေ . . ,အိမ်အထိခေါ်လာတဲ့အထိ မျက်နှာပြောင်လိမ့်မယ်လို့ မထင် ထားမိဘူး. .   မင်းနဲ့ အဲ့ဒီကောင် ရဲ့ အခြေအနေကိုသိချင်တယ် . .

''ဘာပြောတယ်. . . . .

''မင်း နဲ့ ငါ ကလင်မယားလုပ်တန်းကစားနေကြတာမဟုတ်ဘူးနော် လူသိရှင်ကြားလက်ထပ်ထားတာ မင်းဘယ်လို မြူဆွယ်ထားလို့ အဲ့ ဒီ လူက အိမ်အထိပါလာတာလဲ. . . . မင်း ဘာပဲ လုပ်လုပ် ကိစ္စမရှိပေမယ့်. . .
ငါ့ဂုဏ် သိက္ခာ ထိခိုက်တယ်. . . .

''ဂုဏ်သိက္ခာ အဲ့တာတွေရှင့်မှာ အစထဲက ရှိရော ရှိလို့လား.   . . . .. . .မဟုတ်တမ်းတရားစွပ်ဆွဲတာတွေရပ်.. . ရှင် သျှားကို ဘဟ်လိုမိန်းမစားမျိုးထင်နေလဲ.    . . . . .

''ငွေမက်ပြီး အတ္တလွန်နေတဲ့  အရုပ်တစ်ရုပ်လိုမိန်းမ.   . . . . , . .  

''ဖြန်း. . . .

သျှားရဲ့ ရိုက်ချက်က စက် ရဲ့ပါးပြင်ပေါ်မှာ အပြင်းစား ရိုက်ချက်တစ်ခု. .  

''မင်းစကားပြောရင် လက်မပါလို့မရဘူးလား. . . .
မင်းဘက်က စတာနော်. .     . . . မင်း က ငါ့မိန်းမဆိုတာကို မမေ့နဲ့. . . .

''ရှင်. . ရှင် မညစ်ပတ်နဲ့နော်. . . လွတ် . . . .မထိနဲ့. . . ရှင် သျှားကိုဒီလို အကြမ်းဖတ်လို့ရမယ်မထင်နဲ့. . . .

အမုန်းမဲ့ ကလဲ့စား/ အမုန်းမဲ့ကလဲ့စားWhere stories live. Discover now