အမုန်းမဲ့ ကလဲ့စား 💏
အပိုင်း (၁)
''ညည်း သူ့ကို လက်ထက်မှဖြစ်မယ်. . . သျား. .. . .
''သျှား က အခု လက်ထပ်ရမယ် ဟုတ်လား. . . . မဖြစ်နိုင်တာ အန်တီ. . . . သေချာတောင်မမြင်ဖူးတဲ့သူကို ယူရမှာ . . . လူကို အကြွေးနဲ့သိမ်းသလို သိမ်းယူရအောင် အခုရောက်နေတာ ၂၀၁၈. . . . . . ခေတ်နောက်ပြန်ဆွဲတဲ့ အယူတွေနဲ့. . . . .
အန်တီထားထားရဲ့ စကားက သူမကို နှလုံးရောဂါရစေသည် . . . .
''အဲ့ ဒီလို ငါလဲမပြောချင်ပါဘူး . . . .
တော်ကြာ မိထွေးပီပီ မတရားခိုင်းတယ်လို့ပြောကြလိမ့်မယ်. . .
ဒါပေမယ့် သူ့ကို လက်မထပ်ရင် နင့်အဖေက အသက်ကြီးမှ ထောင်ထဲမှာ ဆင်းရဲ ဒုက္ခဖြစ်ပြီး ငါတို့က လဲ အိမ်မဲ့ ရာမဲ့ လမ်းဘေးမှာတောင်းစားရလိမ့်မယ်. . .ဒေါ်ထားထားက စကားလုံးကို လှတ ပတ မပြောတက်သူပီပီ ဒဲထိုးပြောချလိုက်ပေမယ့် မျက်နှာတော့မကောင်းရှာ ။ဘာတွေဖြစ်ကုန်တာလဲ. . . . .
''ဖေဖေ ကရော . . . .
''နင့်အဖေကတော့ နင့်ကို သမီးအဲ့ ဒီကောင်နဲ့ ယူလိုက်ဆိုပြီး အတင်းထိုးပေးစားပြီး သူလွတ် ရုန်းမှာမဟုတ်ဘူး. . . ဒါပေမယ့် ငါ့အတွက်ကျတော့ သူက ငါ့ယောင်္ကျားလေ. . . ပြေလည်ဖို့နည်းလမ်းရှိနေတာမို့ ပြောကြည့်ကြိုးစားကြည့်ရမှာပဲ. . . . . အမှန်ပြောရ ရင် ငါက နင်ရဲ့ မိထွေးပါ. . ဒါပေမယ့် အဲ့ ဒီကောင်နဲ့ အတင်းပေးစားချင်ရလောက်အောင် ငါ့စိတ်ကလဲ မယုတ်မာဘူး. . . . ငါ့မှာရွှေးစရာမရှိလို့ အခုလိုစကားတွေပြောနေမိတာ . . . . ငါလဲ အဲ့ဒီကောင်ကို တစ်စက်မှ သဘောမကျဘူး. . . . အာဏာစက် ဆိုတာ အခုမှ ပြောင်းထားတဲ့နာမည် . . . .
အန်တီ ထားထား ကို သျှားထက်စံ နားမလည်သလို ကြည့်မိသည် ။ ပုံစံကြည့်ရတာ အန်တီထားထားက ထိုလူကိုသေချာသိနေသလိုပင်. . . . .
''သူက ဘာဖြစ်လို့လဲ. . . ကျိကျိတက်ချမ်းသာပြီး လုပ်ငန်းတွေလဲအများကြီးရှိတယ်လို့ နာမည်တော့ ကြားဖူးတယ်. . . အာဏာစက် ဆိုရင် စီးပွားရေးလောကမှာ မသိသူ မရှိသလောက်ပဲဆို. . . .
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...