အမုန်းမဲ့ ကလဲစား💏
အပိုင်း ( ၇ )
''ဖေဖေ သက်သာရဲ့လား အန်တီ.
ဒေါ်ထားထား သက်ပြင်းချသံ သဲ့သဲ့က ဖုန်းလိုင်းထဲဝင်လာသည် ။
''ဆိုးတော့မဆိုးပါဘူး
သိပ်လဲမထူးခြားပါဘူးလေ. . .
ညည်းအဖေ အကြောင်းလဲသိရဲ့သားနဲ့ စိတ်ပူလို့ ခဏခဏမေးတာလဲမကြိုက်ဘူး. . . .
သူက သူ့အတွက် အလုပ်ပိုတွေလုပ်နေကြရမှာ မမြဲစိတ်ပူနေတဲ့သူ. . .''ဘဟ်ဟုတ်မလဲ သူမှနေမကောင်းတာ သက်သာလား နေသာလား မေးပြီး ဂရုစိုက် သင့်တာပေါ့ . . သျှား လာကြည့်ပေးရမလား အန်တီ. . .
''နေပါအေ ကူပ်ယောင်္ကျားကျူပ် ပြုစုနိုင်ပါတယ် . . .
ညည်း သာ အဆင်မပြေတာ သိတယ် . . . .
ဘာလဲ ဟိုအကောင်လုပ်တာပဲမဟုတ်လား. . . .''ဟို . . . .
''ညည်း ဖုန်းကွယ်မနေပါနဲ့ အဆင်ပြေတယ်အမြဲပြောနေပေမယ့် မပြေဘူးဆိုတာ ငါမသိ ဘူးမှတ်နေလား. . . . .အဲ့ ဒီအကောင်က အငြိုးတွေနဲ့ပြန်လာတာ . , နာမည်နဲ့လိုက်အောင် ယုတ်မာရိုင်းစိုင်းတဲ့အကောင် . . . . .
''ပြောမနေပါနဲ့တော့ ကိုယ်ပဲဒေါသဖြစ်ပြီးရောဂါရမယ်
အဲ့ ဒီ အရိုင်းအစိုင်း အကြောင်းကို . . . ဖေဖေ ကိုပဲ စောင့်ရှောက်ပေးပါ . . သျှား အားရင်လာကြည့်ပေးမယ်. . . . .''မလာနဲ့ ရတယ်. . . . အခု လိုင်း ကိစ္စကလဲ ရှင်းပြီးသွားပြီပဲ . . . . . . ညည်း ဘဟ်လိုတွေလုက်ပြီးရှင်းလိုက်ရတယ်မသိပေမယ့် အခုလိုလုပ်ပေးလို့ကျေးဇူးပါ . . . .
''သျှား တို့ က မိသားစုတွေပဲ ကျေးဇူးမလိုပါဘူး. .
''အရာရာအတွက်ပြောတာပါ. . . . .
ပေးဆပ်ခဲ့တာတွေအတွက်လသေတဲ့အထိ သတိရနေမှာပါ. . . .ပြီးတော့ စိတ်မကောင်းပါဘူး. . . . .''သျှား အဆင်ပြေပါတယ် စိတ်မပူနဲ့ . . .
ဒါဆို ဒါပဲနော်. . . .သျှားကဖြတ်ပြီးဖုန်းချလိုက်သည်။
ဖေဖေဒက လိုင်းပေါ်က သတင်းတွေကြားတော့ သူမအတွက် စိတ်မကောင်းဖြစ်ပြီးအိပ်ယာထဲလဲသွားခဲ့သည် ။ အဲ့ ဒီလူ မိ မရှိ ဖမရှိ ကိုယ့်အတွက်ပဲတွေးတက်တဲ့လူ. . . ကိုယ်ချင်းစာတရားလဲမရှိ ထင်ရာ စိုင်းခဲ့သမျှ အသက်ကြီးတဲ့ ဖေဖေ တို့မှာ အလူးလူး အလဲလဲ ။
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...