အမုန်းမဲ့ ကလဲစား💏
အပိုင်း (၃)
"ဟျောင့် မင်းကတော့တကယ့်ကောင်ပဲနော် . . . စက် . .
ကောင်းမြတ်ရဲ့စကားကိုအခြားသူတွေကလဲခေါင်းငြိမ့်ထောက်ခံကြသည် ။
''ဟုတ်ပါ့ကွာ မြန်မာပြည်ပြန်လာတယ်ဆို မိန်းမတန်းယူတာပဲ. . .
''ယူတာတောင်မှ တကယ့် အလှပဂေးနော်. . . .
အရုပ်လေးအတိုင်းပဲ. . . .''ဟျောင့်တွေ အဲ့လောက်မြောက်မနေနဲ့ ဟိုက ကြားသွားရင် ခေါင်မိုးတပ်ကပ်နေဦးမယ်. . . .
''ဟ လှလို့လှနယ်ပြောတာကြားကြားပေါ့. . . .
''ဘယ်နေရာလှတာလဲ. . . . ရုပ်လှနေရုံနဲ့ လှတယ်လို့ခေါ်တာလား. . .
''မင်းပြောတာစိတ်မလှဘူးလို့ပြောချင်တာပေါ့လေ . . . .
စိတ်မလှပဲဆရာဝန်လုပ်ပါ့မလား. . .''မင်းမသိဘူးလား ငွေတစ်ခုပဲသိတဲ့ဆရာဝန်တွေ သူက အဲ့ဒီထဲကတစ်ယောက်ပဲ. . .
''မဖြစ်နိုင်တာ စက် ရာ မင်းကလဲထင်ရာဆွဲမတွေးနဲ့. . .
ငါတို့သိသလောက်က မင်းမိန်းမက တစ်ကျောင်းလုံး Queen နော် . . .. .သူ့ အမေကြောင့် . . .''မိထွေးပါ. .
''အေးပါ သူ့မိထွေးကြောင့်သာ ကောင်လေးတွေတော်ရုံမလိုက်ရဲတာ. . . ပြီးတော့ အတော်ဆုံးကျောင်းသူတဲ့. . .
''အဲ့ ဒီတော့ ငါကဘာလုပ်ရမှာလဲ . . .
''မင်းကံကောင်းတာတွေမြင်အောင်ပြောနေတာ. . . .
''ကံကောင်းတာ အဟတ် ငွေရှိလို့ပါကွာ. . .
မင်းတို့ မမေ့သေးဘူးထင်တယ် ဒေါ်ထားထား ဆိုတဲ့ ဖွားတော်ကြီးကို. . . . .''မေ့စရာလား မောက်မာတဲ့မိန်းမကြီးပဲဟာ. . . .
''ဟုတ်တယ် ငွေမတ်တဲ့မိန်းမကြီးကိုငွေနဲ့ပေါက်လိုက်လို့ ငါ အဲ့ဒီ Queen ဆိုတဲ့မိန်းမကိုရခဲ့တာ. . . ငွေသာ ရမယ်ဆို သူ့အတွက် ကောင်းမယ်ဆို အဲ့ ဒီမိန်းမကြီးက ဘယ်သူ့ဖြစ်ဖြစ် သူ့ သမီးကို ပေးမှာပဲ. . '
ဒါကြောင့် ငါ ရခဲ့တာ ကံကောင်းလို့ မဟုတ်ဘူး ငွေရှိလို့ လျှောက်တွေးမနေကြနဲ့. . . . .
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...