အမုန်းမဲ့ ကလဲစား💏
အပိုင်း (၂)
အာဏာစက် ကားမောင်းရင်းနောက်ကြညိ့မှန်မှ စွေပြီး ပြန်ကြည့်မိသည် ။နူတ်ခမ်းပေါ်မှာမဲ့ပြုံး တစ်ပွင့် ။ ခလောက်ဆိုသျှားထက်စံ ဆိုသည့် သူမ ဘယ်လောက် ဒေါသတွေဖြစ်ပြီး သူ့ကို နုပ်နုပ် စင်းပစ်ချင်စဖွယ်ဖြစ်နေမှာေ သချာပါသည် ။
လှတာကတော့အတော်ကိုလှသည့်မိန်းကလေး ။
တစ်ခါမြင်လိုက်ရုံနဲ့ အမြဲတမ်းအမှတ်ရနေစေမယ့်အလှမျိုး ။
ဒါပေမယ့်
သူမရဲ့ မိထွေးဖြစ်သူက ဘာတွေသင်ထားသည်မသိ မျက်နှာထားကိုကြည့်ချင်းအားဖြင့် သူ့ကိုမုန်းတာတော့အသေအချာပင် ။
ဒါမှလဲကစားပွဲကလှမှာပေါ့ ။နုံနုံ အအ မိန်းကလေးဖြစ်နေလျှင်တောင် ဘက်မညီတော့ပျင်းစရာကောင်းဦးမည် မဟုတ်လား ။သူ့ဘေးမှာ ဝိုင်းဝိုင်းလည်နေတဲ့မိန်းကလေးတွေထက် အဆများစွာ လှတဲ့ သူမက သူ့ကို မုန်းနေတာကိုက သူ့အတွက်ကျေနပ်နေမိသည် ။ ဘယ်လောက်ပျော်စရာကောင်းလဲ သူ့ကိုသာ နှစ်သက်သည့်မိန်းကလေးဆိုရင် သူရက်စက် ရာကျတော့မည်လေ ။ ယခုတော့ တကယ် ကို ရယ်စရာတွေကျေနပ်စရာတွေဖြစ်လာတော့မှာပေါ့ ။
မုန်းတဲ့ သူတစ်ယောက်ကိုလက်ထပ်ရတဲ့သူမ ဘယ်လောက်ခံပြင်းနေလိုက်မလဲ , . . .
ဘယ်လောက်စိတ်ဆိုး ဒေါသထွက်နေလိုက်မလဲ. . . . . .
သူလိုချင်တာလဲ ဒါပဲလေ . . . . .အာဏာစက် ဆိုတာ လိုချင်တာကို ယခုအချိန်မှာ လက်ညိုးထိုးယုံနဲ့ ရနိုင်တဲ့အနေအထား ။
ထိုင်း နှင်မြန်မာပြည်မှာ နာမည်ကြီး ဟော်တယ်တွေနှင့် အိမ်ယာရောင်းဝယ်ရေး လုပ်ကိုင်ပြီး ကမ္ဘာ စီးပွားရေးတန်းဝင်တစ်ယောက် ။ မြန်မာ ပြည်က လုပ်ငန်းရှင်တွေ အားကျရလောက်အောင်တော်သည့် သူ ။ကိုယ်ကချစ်ဖို့မလို သူတို့ကချစ်တာကို ခံယူပေးရုံနဲ့ ဘဲ အာဏာစက်ရဲ့ဘေးနားမှာ နေခွင့်တွဲခွင့် ရ ရုံ နှင့်ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် ။
ကောင်မလေးတွေနှင့်အပျော်တွဲတာဆိုပေမယ့်
ထိခိုက်နစ်နာသွားအောင် ဘယ်သူ့အပေါ်မှာမှ မကျူးလွန်ခဲ့ ။ဒေါ်ထားထားရဲ့ လင်ပါသမီး ဖြစ်တဲ့ သျှားထက်စံ က ဒ်ါထားထားရဲ့ အားနည်းချက်တစ်ခုပဲဖြစ်သည် ။
ဒေါ်ထားထားကို စိတ်ပျက် ဒေါသဖြစ်ပြီး သောကရောက်စေဖို့ အကောင်းဆုံးက သူအရမ်းမြတ်နိုးတဲ့အရာကို လုယူတာပဲမဟုတ်လား ။
သမီးဆုံးသွားတော့ လင်ပါသမီးကို အရိပ်တကြည့်ကြည့် ရှိနေခဲ့တာတဲ့. . . ကျောင်း သွားကျောင်းပြန်တောင် သူမ အားရင်အားသလို ကြိုပေးတက်တဲ့ ဒေါ်ထားထား က လက်ပါသမီးအပေါ်မှာတော့ ကောင်းလွန်းတဲ့မိထွေးတယောက်ပဲလား ဒါမှမဟုတ် အသုံးချဖို့ အတွက် ပြင်ဆင်နေတာတွေလားဆိုတာကိုတော့မသိ ။
ဘာဖြစ်ဖြစ် အခုလောက်ဆို ဒေါ်ထားထား ဆွေ့ဆွေ့ ခုန်အောင်ဒေါသဖြစ်နေမှာပေါ့ ။ ငွေမတ်တဲ့မိန်းမကိုငွေနဲ့ပေါက်ပေးတာ သူမှာအပြစ်မရှိဘူးလို့တော့ထင်တာပါပဲ. . .
ဘာဖြစ်ဖြစ် ဒါက အစဆိုရင်တောင် သူကျေနပ်လောက်တဲ့ အစပဲပေါ့ . . . . နူတ်ခမ်းမှာ ဆလှာင်ရယ်သည့်အပြုံးမျိုးဖြင့် ပါဂျဲရို ကားလေးက တစ်လှစ်လှစ်ပြေးနေဆဲ. . . .
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...