အမုန်းမဲ့ကလဲ့စား 💑
အပိုင်း (၂၁)
အိမ် ရဲ့အပေါ်ထပ်လှေကားထစ်တွေ လှမ်းတက်ရင်း အတိတ် ပုံရိပ်တစ်ချို့ က သျှား အတွေးထဲပေါ်လာသည် ။
လွန်ခဲ့သော ၅နှစ် ခန့်က ဒီလှေကားထစ်မှာ စက် အရမ်းကို မူးနေခဲ့တာ ။ လူမှန်းမသိအောက်မူးနေသည့် စက် ကို သွားထိ လူပ်လိုက်မိရာမှ စက်က သူမကို ထွေးပွေ့ပြီး အခန်းထဲ ခေါ်သွားခဲ့သည် ။ နူးညံ ရစ်မူးတဲ့အနမ်းတွေမှာ သူမ ပျော်ဝင်သွားခဲ့သည် ။ မူးနေတဲ့ လူတစ်ယောက်နှင့် အပြိုင် သူမလဲ အချစ်ဆိုတဲ့ ဝိုင်ကိုသောက်မိပြီး မူးရစ်သွားခဲ့သည် ။ သူ့ရဲ့ အနမ်းတွေ သူ့ရဲ့ အထွေးအပွေ့တွေ သူမ မြတ်နိုး လာမိသည် ။
သတိ ပြန်ဝင်သွားတဲ့အချိန်မှာ အရာရာနောက်ကျသွားခဲ့ပြီ ဖြစ်သည် ။ တွန်းကန် ထုပ်လို့မရအောင် ကပ်တွယ်နေခဲ့သည့် စက်က သူမ အတွက် ဘာမှ တွေးမပေးခဲ့ ။ နောက် အဲ့ဒီအကြောင်းတွေကို အိပ်ယာနိုးထချိန်မှာ ဘာမှ မှတ်မိဟန်မရှိတော့ ။
ကိုယ့်ကို ကိုယ်ရော သူ့ကိုရော ဒေါသတွေဆူပွက် နေခဲ့ပြီး သတိ လက်လွတ် ဖြစ်ခဲ့တာကိုလဲနောင်တရခဲ့သည် ။
တကယ်ဆို သူမ လာခဲ့တာ ကလဲ့စား ချေဖို့ ။
မမသု ခံစားရသလို ပြန်ခံစား ရအောင် လုပ်ဖို့ ။
ဒီလူနဲ့ ကြင်ကြင်နာနာ ပေါင်းဖတ်ဖို့ တစ်ခါမျှမတွေးခဲ့ဖူး ။
သူနဲ့ ရတဲ့ကလေးကို မလို ချင်ပေမယ့် ကလေးတစ်ယောက်ရှိနေခဲ့ပြီလေ ။၎နှစ်ကျော်သွားပြီ အဲ့ဒီလူကို စိတ်ထဲကနေထုပ်ပစ်ဖို့ကြိုးစားခဲ့တာ ။
ဒါပေမယ့် သျှား မေ့ပစ်လို့မရခဲ့ဘူး ။
မေ့ပစ်မယ်လို့တွေးလိုက်တိုင်း အတွေးထဲမှာပေါ်လာတာက သူ့ပုံရိပ်တွေ သူ့နဲ အမှတ်တရတွေ ။
အစပြုခဲ့ထဲက ကလဲ့စားချေဖို့ပဲမို့ ဒီလူကိုသူမ စိတ်ထဲ မထည့်ခဲ့သင့်ပါ ။ မမ ရဲ့ ချစ်သူ . . .မမသု သေတဲ့အထိ ဘဝပါပေးပြီး ချစ်ခဲ့သည့်လူ ။ အဲ့ဒီလူကို မမဆီက မလုယူရက်ဘူး ။ မမကျေနပ်အောင် သူ့ကိုခံစားရအောင် မမ အဲ့ဒီလူကို ချစ်မိလို့ ဘယ်လိုခံစားရလဲသိစေချင်ယုံပါ။ သျှား အဲ့ဒီလူဘေးမှာနေချင်လို့သွားခဲ့တာမဟုတ်ဘူး ။ ဒါပေမယ့် ဘာကြောင့်လဲ . . . ဘာလို့လဲ. . အဲ့ဒီလူ က သူ့မ နှလုံးသားထဲမှာရှိနေရတာလဲ ။ အဲ့ဒီလို ဖြစ်နေတဲ့ သူမကိုယ်သူမ ရွှံမုန်းမိပါတယ် ။
YOU ARE READING
အမုန်းမဲ့ ကလဲ့စား/ အမုနျးမဲ့ကလဲ့စား
Romance''ရှင့်ကို ချစ်မိရင် ချစ်မိတဲ့ကိုယ့်ကိုယ်ကို အပြစ်ပေးပြစ်မယ်. . . . .နှလုံးခုန်သံမြန်နေရင် မြန်နေတဲ့နှလုံးသားကို သေသွားအောင် စီရင်ပြစ်မယ် အဲ့ ဒါ သျှားထက်စံ ဆိုတဲ့ကျွန်မရဲ့ ကတိပဲ. . . . .ရှင့်မှတ်ထား ကျွန်မ ရှင့်ဘေးမှာ မီးကို ပိုက်ထားရသလိုဖြစ်အောင်...