အမုန်းမဲ့ ကလဲစား💏 အပိုင်း ( ၂၄)

2K 51 15
                                    

အမုန်းမဲ့ ကလဲစား💏

အပိုင်း ( ၂၄) ဇတ်သိမ်း ပထမပိုင်း

''အဟင့် အဟင့်  . . . အီးဟီး. . .

''မငိုနဲ့ . . . နေလဲမကောင်းပဲ မငိုရဘူး. . .

မရပ်မနားငိုနေသည့်ကလေးကြောင့်အားလုံးဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည် ။ ညိုညို အကိုလေး ပြောတာသွားသတိရပြီး  အိမ်မှာရှိနေသည့်မမလေးဆီသွားလိုက်သည် ။

''ဒေါက်. . ဒေါက်. . . မမလေး. . .

''ဝင်လာ. . . .

''မမလေး. . မီးမီး ကို ခဏ လိုက်ကြည့်ပေးပါလားကိုယ်တွေပူပြီးကယောင်ကတန်းတွေပြောလိုက်ငိုလျုက်ဖြစ်နေလို့ပါ မမလေးရယ်လိုက်ကြည့်ပေးပါနော်. . . . . .

သျှားသက်ပြင်းရှည် ချလိုက်ရင်းဆေးအိပ်ကောက်ယူလိုက်သည် ။
ညိုညို ကပြုံးသွားပြီး ပြာပြာသလဲအရှေ့ကပြေးဆင်းသွားသည် ။
အခန်းထဲက အခြားအလုပ်သမားကောင်မလေးကိုထွက်သွားစေပြီး သူမပဲကျန်ခေဲ့သည် ။ ညိုညိုက သမီးအပေါ် အရမ်းသံယောဇဉ်ဖြစ်နေမှန်းသိသာလှသည် ။
မွေးထဲက ထိမ်းခဲ့ရတာမဟုတ်လား ။

''မေမေ. . မေမေ. . . .

သျှားစက်လွှာ နူတ်ဖျားက စကားသံ. . . . . .

''သမီး. . သမီး. .မျက်လုံးဖွင့်. . . .

သျှား အသံကြောင့်ထင် မျက်လုံးဖွင့်လာသည် ။

''မေမေ. . . . .

သျှား မျက်လုံးတွေ  အာခေါင်တွေ အကုန်လိုက်စစ်မိသည် ။အသားက အရမ်းမပူပေမယ့် အဖျားရှိနေသည် ။

''ရေသဘက်တိုက်ပေးလိုက်ပြီးရင် ဒီမှာဆေး. . . .
ဆန်ပြုတ် နည်းနည်းလောက်တိုက်လိုက်ဦး. . . . .

''ဟုတ်ကဲ့. . .

ညိုညိုက သူမပြောသည့်အတိုင်း တဝေ မသိမ်းလိုက်လုပ်နေသည် ။ သျှားစက်လွှာက သူမကိုပြူးနေအောင်ကြည့်ပြီး သူ ခိုင်းတာ အကုန်လိုက်လုပ်သည် ။ အစာဝင်သွားတာကြောင့်ထင် နည်းနည်း လန်းဆန်းသွားသလို ထင်မိသည် ။

''ဆေးတိုက်ပြီး ပြန်သိပ်လိုက်. .  

''ဟုတ်ကဲ့. . . . . .

ခါးသက်သည့်ဆေးကိုမျက်နှာလေး ရူံမဲ့နေအောင်သောက်ရင်း သျှားစက်လွှာက. . . . .

အမုန်းမဲ့ ကလဲ့စား/ အမုန်းမဲ့ကလဲ့စားWhere stories live. Discover now