ဘာအရေးလဲ
__________ခေတ်ပျက်ကြီးထဲမှာ ရင်ကော့လျှောက်မယ်
ဘာအရေးလဲ ကဗျာတွေရှိနေသရွေ့ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ်မီးတင်ရှို့ကြ
ငါတို့ဟာ ကိုယ့်ဘဝကိုယ်အလင်းတင်ကြ
ငါတို့ဟာ ကိုယ့်ဘဝကိုယ်ပွတ်တိုက်စားကြ
ငါတို့ဟာ ချစ်ကြ လွမ်းကြ အသည်းတွေကွဲကြအများကြီးမလိုဘူး
ဂစ်တာတစ်လက် ဆေးလိပ်တစ်ဗူး
ကဗျာစာအုပ်အဖြစ်အပျက်မြန်တဲ့လောကမှာ
ကဗျာရယ်မင်းရယ်ပဲလိုတယ်
လောကဓံရဲ့ရိုက်ချက်တွေကြား ခံနိုင်ရည်မရှိတဲ့အခါ
မင်းနားမှာပြုံးနေမယ်ဘာအရေးလဲ အချစ်နဲ့ကဗျာတွေရှိနေသရွေ့
ခေတ်ပျက်ထဲမှာ ရင်ကော့လျှောက်မယ်Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poetryလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း