ခင် - ၁၁

9 0 0
                                    

တိတ်ဆိတ်ခြင်း
___________

ချစ်ရတဲ့သူဆိုတာ
နှင်းမြူပါခင်။

ခင်ရှိရင်ပျော်
မရှိရင်ဝမ်းနည်းရုံပေါ့
ရင်ခုန်တာသူမသိအောင်
ဟန်ဆောင်နေချင်။

ခင်ကသာစိတ်မဆိုးရင်
မြတ်နိုးတာခင်တစ်ယောက်လို့
အောက်ကျို့ကာပြောချင်ပေါ့။

ခင်လိုမှလာ..
မလိုချိန်ပစ်ခွာသွားတော့လည်း
ငေးကြည့်ခြင်းသာပဲကိုယ်မက်မောပါရဲ့
ခင်စက်ရာအိပ်ချိန်တွင်းမှာ
အိပ်မက်တွေသင်းထုံရအောင်
မြူနှင်းမှုန်ရင်ခုန်စိတ်ရယ်
တိတ်ဆိတ်ပါတော့။

Eunoia

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now