ခင် - ၁၆
သည်ဘဝမှာ ပိုင်ဆိုင်ခွင့်လည်း
မရှိခဲ့လေပြီမို့
ရေနစ်သူကျွန်တော့်အတွက်
လွမ်းဆွတ်ခွင့်ဟာကောက်ရိုးတစ်မျှင်ပါခင်။မသိကိန်းတစ်ခုအတွက်
တန်ဖိုးရှာတဲ့နေရာမှာမှ
ကျွန်တော်ဟာ သက်သက်မဲ့ကြီး
ညီမျှခြင်းရဲ့တစ်ဖက်မှာအသက်ရှင်ရပြန်တယ်ခင်။Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poetryလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း