မျက်မှန်ဝိုင်းလေးနောက်တကောက်ကောက်လိုက်ခဲ့မယ်

11 2 0
                                    

မျက်မှန်ဝိုင်းလေးနောက် တကောက်ကောက်လိုက်ခဲ့မယ်
____________________________

မျက်လုံးဝိုင်းတွေသိပ်လှရက်နဲ့ မျက်မှန်ဝိုင်းကြီးနဲ့ဖျက်လိုဖျက်ဆီး
ကမ္ဘာပေါ်ကအင်အားအကုန်သုံးပြီး မင်းမျက်မှန်လေးကို စစ်ကြေညာလိုက်ပြီ

မိတ်ကပ်တွေကိုယ်မကြွေခဲ့ဘူး
နှုတ်ခမ်းနီတွေမကြွေခဲ့ဘူး
ဂါဝန်ဝဲဝဲလေးတွေမကြွေခဲ့ဘူး
မင်းပါးကဝက်ခြံဖုသေးသေးတွေမှာ အထပ်ထပ်အခါခါသေခဲ့
ပျော်ပျော်ကြီးကြွေခဲ့ပါတယ်

မြန်မာကဗျာဆရာတွေမှာ အယူအဆတစ်ခုရှိတယ်
သစ်ရွက်လေးတွေကြွေတာလှတယ်..တဲ့
မင်းပြုံးတာမြင်ပြီးတည်းက သူတို့အားလုံးကိုလိမ်လည်မှုနဲ့ ခုံရုံးတင်လိုက်ပြီ

အရိပ်တကြည့်ကြည့်ငေးမောရင်း..
မင်းအနားကကောင်တွေ အတွေးနဲ့တင်ဆယ်ခါမကသတ်မိခဲ့
မင်းနားကဖြတ်သွားတဲ့လေညှင်းတောင်မနာလိုတဲ့ကိုယ်ဟာ
ရင်ခုန်ခြင်းနဲ့ မလွတ်သော အကျဉ်းကျပါတယ်

ဘဝမှာတစ်ခါပဲတောင်းလို့ရတဲ့ဆုသာ ကိုယ်ရခဲ့ရင်
မင်းမျက်မှန်ဝိုင်းလေးနောက်ပဲတကောက်ကောက်လိုက်တော့မယ်
ရည်ရွယ်ချက်နဲ့ ဘဝကိုစီးနင်းထမ်းပိုး
တန်ခိုးကြီးတဲ့မင်းကိုပဲ မျက်မှန်ဝိုင်းဂုဏောအနန္တော  ခဲ့တယ်

ဓားနဲ့ထိုးမှ သေနတ်နဲ့ပစ်မှ လူသတ်မှုမဟုတ်ဘူး ကလေးရဲ့
မင်းနှုတ်ခမ်းပါးဟာ ကိုယ့်ကြိုးစင်ဖြစ်ခဲ့ပြီ

Eunoia

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now