ဂျပုလေး
*******ဘာလုပ်မှာလဲ ဟိုမလွတ်ဒီမလွတ်အရပ်တွေ
အသေအချာချစ်ဖို့ကောင်းတာ မင်းပဲ ဂျပုလေးရဟေ့.. ပုစိလေးလို့ခေါ်ပြီးစချင်တဲ့အခါ စမယ်
ချစ်စနိုးနဲ့ ခေါင်းကိုပွတ်ပေးတဲ့အခါ လည်းရှိမယ်
အသဲယားတဲ့အခါ ကောက်ချီသွားလို့ရတာ
ဘယ်လောက်ကောင်းလဲ ကလေးလေးရဆံပင်တွေဆွဲဖွလို့ မင်းစူပုတ်သွားတာလည်း နိဗ္ဗာန်ပါပဲ
ကမ္ဘာမီးလောင်ရင် ကျောပေါ်တင်ပေးထားမှာပေါ့
ကိုယ်ရှိနေရင် အမြဲပြုံးပေးတာ ချစ်ခြင်းအတွက်အဖိုးအခအသေအချာချစ်ဖို့ကောင်းတာ မင်းပဲဂျပုလေးရ
ဝင်သက်ထွက်သက်တိုင်း မင်းစိတ်နဲ့အသက်ရှင်ရတာ နိဗ္ဗာန်ပါပဲEunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poetryလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း