ခရီး
အမေရေ...
သားချစ်တဲ့ကရီးဆစ်ဒ်မှာနှလုံးသားမပါဘူး
အိပ်မက်အသေကြီးနဲ့အသက်အောင့်ထားရတာ
သားပျော်ပါတယ်။ကောင်းကင်ကြီးကလှမ်းလွန်းတယ်အမေရယ်
ဒါနဲ့ပဲကျွန်တော်မြေပြင်ပေါ်ပြန်လည်အိပ်စက်
အိပ်မက်ထဲရောက်တော့လဲ.. ကျွန်တော်ကတိမ်တွေပေါ်စီးနင်း
မိုးစက်များကြား ပါးလျားလျားလွင့်မျောလိုက်ပါ
တကယ်လို့များကမ္ဘာ့စွဲအားဆိုတာကြီးများမရှိခဲ့ရင်လေ..
သား... အာကာသထဲအထိ ပြောင်းပြန်စီးဆင်းလိုက်ချင်ပါရဲ့အမေ။မှိတ်မသွားတဲ့မျက်လုံးတွေမှာအိပ်မက်ခွင့်မရှိဘူး
ဒါကြောင့်ကျွန်တော်... အိပ်စက်ဖို့ကြိုးစား
အဲ့ဒီအိပ်မက်တွေသာ ခြောက်လှန့်ခြင်းမရှိခဲ့ရင်
လောကဓံရှစ်ပါးဆိုတာ ကျွန်တော်သောက်နေကျ ကျဆိမ့်တစ်ခွက်ထက်အရသာရှိမှာ။ဘာပဲဖြစ်ဖြစ်
အိပ်မက်အသေကြီးကိုဖက်တွယ်ရင်း
အောင့်သက်သက်အသက်ရှူသံတွေကြား.. သား.. ပျော်ပါတယ်အမေ။Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poetryလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း