ရင်ခုန်လွန်ဖျားနာမှု

7 0 0
                                    

ရင်ခုန်လွန်ဖျားနာမှု
>< >< >< >< ><

မင်းမို့လို့ပြုံးပြရက်တယ်..

ဟိုး..က တိမ်ကြပ်ခိုးတွေ
လေညင်းရဲ့သင်းပျံ့မှုတွေ..
ကမ္ဘာပေါ်ကကျက်သရေရှိသမျှတွေ

မင်းမို့လို့သောက်အားနာမရှိပြုံးပြတယ်
နေမင်းကြီးအဝင်စောသွားတာမင်းကြောင့်
တိုးတိတ်တိတ် ငါ.. လက်ညိုးထိုးမိ
ရင်ခုန်ခြင်းနဲ့ရူးရမယ်ဆို
ဒီတစ်သက် ရွာသာကြီးနဲ့ငါ့မြို့လေးဟာ
အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်နေမှာ

အဲ့ဒီနှုတ်ခမ်းနဲ့မပြုံးစမ်းနဲ့
ပန်းလေးတွေမျက်စောင်းထိုးကုန်ပြီ
လေညင်းတွေမင်းအနားရစ်သီတာတောင်
သဝန်တိုတဲ့ငါ..
မင်းလွယ်တဲ့လွယ်အိတ်လေးနား
တိုးတိုးလေး ခိုးဝင်လိုက်ပါလာချင်တာ

ဒီနေ့ငါနေမကောင်းဘူးချစ်သူ
ဆရာဝန်ကတော့ပြောတယ်
မင်းရောဂါ အတော်ကျွမ်းနေပြီ..တဲ့

ရင်ခုန်လွန်ဖျားနာမှု နဲ့ ချစ်မဝရောဂါ
မကုတော့ဘူးကလေးရယ်
အိပ်မက်တွေနဲ့ပဲ ငါလူးလွန့်ထွေးပိုက်နေဦးမယ်

Eunoia

ငွေ့ရည်ဖွဲ့ကဗျာ - တကောင်းWhere stories live. Discover now