မျက်ဝန်းလဲစို ၊ ငိုမလိုနှင့်
တိမ်ပြိုမှာကို စိုးသည်လား။မင်ရောင်သန်းညို ၊ သန်းခေါင်လိုနှင့်
မိုးငိုမှာကို စိုးသည်လား ။မိုးကြိုးခတ်ပြို ၊ ဟိန်းသံလိုနှင့်
မကြိုနှင့်မှာ စိုးသည်လား။သို့ပေမယ့်..
ယဲ့ယဲ့ကျန်သူ ၊ ချစ်တဲ့လူလည်း
သူ့စိတ်ထဲဝယ် ၊ ဝမ်းနည်းသည်လား
ခံစားချက်ပြို ၊ သူအငိုမှာ
တိမ်ညိုဘာကြောင့်မှိုင်းရတယ်။Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poetryလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း