ကမ်းနားသစ်ပင်
___________ရွက်ဝါကြွေမြူး၊ နွေအဦးလျှင်၊
လေရူးနှိပ်စက်၊ ခြွေခဲ့ရက်သည်၊
အိပ်မက်ထဲမှ လန့်နိုးသူ။ရွက်ကျပင်ပေါက်၊ သူ့ရင်အောက်တွင်၊
ပေးသောရှင်ခွင့်၊ စိတ်ချင့်လေးဖင့်၊
မဆွေးလင့်ပြီ၊ မချစ်ပြီတည့်၊
ဆွေးဆွေးရိသော အတိတ်ဟောင်း။သူခြွေပါလင့်၊ ရွက်ဝါရင့်တို့၊
မျှော်လင့်ရင်းမော၊ ရေလျင်ကြောမှာ၊
မျောပါခဲ့ကြောင်း၊ အတိတ်ဟောင်းသည်၊
ဆောင်းပြောင်းနွေလု၊ ရွက်သစ်နု၌၊
မှောင်မိုက်ကမ္ဘာ၊ ရင်မှာထင်တည့်၊
သစ်ပင်ကမ်းနား၊ နေမိမှားပြီ၊
ယာယီလေထဲ တိုက်ဆောက်သူ။#Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poesíaလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း