Crush
___________ချစ်စိတ်ကိုသူသိရင်
မုန်းချင်လည်းမုန်းလိမ့်မပေါ့
စိတ်လက်လျော့ ကိုယ့်အတွေးမှာ
တိတ်တိတ်လေးပဲနေတော့မယ်။အတွေးထဲမင်းအမြဲပါ
အိပ်မက်မှာမင်းအမြဲရှိ
အသိစိတ်တွေမင်းပဲစိုးမိုးလို့
တိုးတိုးလေးဆွေးလိုက်ရတာ
မလွယ်ပါလားကလေးရယ်။တခြားသူမင်းမှာရှိနေလည်း
နောက်ဆုတ်လို့ပဲချစ်မှာပေါ့။အချော့တော်လည်းဖြစ်ပါ့မယ်
အခစားလည်းဖြစ်ပါ့မယ်
မင်းနားဝယ် ဘယ်လိုပင်နေရလည်း
ကိုယ့်မှာတော့ပျော်ရွှင်လို့ပဲရှိလေပေါ့
အဲ့ဒီတော့ကလေးရယ်
ခပ်လျော့လျော့မတော်တဆပဲဖြစ်ဖြစ်
ရင်ခုန်လို့အတည်တကျပဲဖြစ်ဖြစ်
ကိုယ့်ကို ချစ်လိုက်ပါတော့။Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poetryလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း