လွမ်းလွင့်လွန်လိမ့်(ချစ်သူသို့-၂)
(၁)
ဒီလိုနဲ့ပဲ ရှေ့ဆက်
နေ့ရက်ပေါင်းများစွာကိုဘယ်သူတွေတိုက်စားခဲ့သလဲ
လူမိုက်များအလယ်မှာအန္ဓဖြစ်ဖို့သင်ကြား
ရင်ထဲကအမှားကိုအမှားလို့မြင်နေသရွေ့တော့
(သိလိုက်ပါတယ်)
ငါမမှန်သေးဘူးကော်ဖီတစ်ခွက်ကိုမီးညှိသောက်ကြည့်ဖို့
မီးခတ်ကျောက်ကိုမှောက်မိလိုက်တယ်
ဖိတ်စင်သွားတဲ့မီးတစ်စမှာ
မြတ်နိုးခြင်းတွေပါတာပဲလေ
ခုမှတော့မတားနဲ့..
ပါးလျားလျားငါ့ဘဝလေးအငွေ့ပျံသွားပြီ
မင်းနမ်းရှိုက်မှုမပြုသရွေ့ပတ်ဝန်းကျင်မှာငါကနတ်ဆိုးတစ်ပါးဖြစ်နေဦးမယ်ဆိုတာလဲအမှန်ပဲ(အမှန်တရား.. )
ခါးသက်မှန်းမသိပါပဲ မျက်စိမှိတ်မျိုချ
တစ်ခါတစ်ခါကျ မိုက်မဲကြည့်ရတာ ဆေးဖက်ဝင်သလိုပဲ
ဒီလိုနဲ့ ပိတောက်ပင်ကြီးရဲ့ အရိပ်အောက်မှာ ကျေးဇူးတော်ကိုအောက်မေ့
နှုတ်ခမ်းဖျားတွေမင်းအတွေ့နဲ့နွေးဆဲပါ(၂)
တကယ်တော့ဘာကိုမှဂရုမထား
ငါ့ကောင်းကင်မှာမင်းပဲလင်းလက်ခဲ့တာပါ
မနာလိုလို့ဖုံးလွှမ်းစရာတိမ်ခိုးတိမ်ငွေ့မရှိ
နတ္ထိတို့ရဲအတ္တကမ္ဘာမှာ
မင်းသာဘုရင်.. မင်းသာသခင်
ရင်ခွင်ပိုက်လို့အလွမ်းသင်ခန်းစာတွေသင်ပေးလှည့်ပါတစ်ခါက
မင်းမပါပဲအိပ်မက်ကြည့်တော့
မျက်ခွံတွေငါ့ကိုဆဲတယ်
ရင်ခွင်ထဲတိုး.. ခပ်ဆိုးဆိုးချွဲ့နွဲ့ခွင့် မရှိတဲ့အခါ
လေပြေတွေတောင်ငါ့ကိုမသဒ္ဓါဘူး
အလိုက်မသိတဲ့မိုးကောင်းကင်ကငါလွမ်းနေမှပိုပြာသလား(၃)
ဒီလိုနဲ့တိတ်တဆိတ်ကြွေကျသွားတဲ့အိပ်မက်ကြားမှာ
နှင်းဆီပန်းတွေချခင်း.. စောင်းကြိုးကိုတင်းတင်းလေးဆွဲပါ
...........တံတျာတေရှင်..........
ဘာဖြစ်သွားလဲမသိဘူး ငါတစ်ယောက် ကကြိုးပျောက်ခဲ့တာပဲတိမ်တွေကမှောက်လျက်ပဲရွေ့လျားတယ်
ဒါနဲ့ငါက ဖဲတစ်ချပ်ကိုဆွဲအလှန်
ဂျိုကာတက်လာမှ လုံးလုံးလျားလျားရှုံးရပေါ့လာသမျှလေညင်းကို
အံတင်းပြီးပြုံးပြ
နောက်ကွယ်က ပိတုန်းတွေမှာ နည်းနည်းလေးမှ ရီစပတ်(respect) မရှိဘူးဒီတောင်ကိုကျော်ဖြတ်ပြီးတို့တတွေတွေ့ကြမယ်
ခေါင်းလောင်းပန်တွေတသီကြီးပန်ထားတဲ့ကံကြမ္မာကို
လက်စွပ်ပေးလို့ လက်ထပ်ကြတာပေါ့..
......ချစ်သူ.....(၄)
ငါကတကယ်တမ်းမမှားဘူး
မင်းလည်းမမှားဘူး
ဘယ်သူ့ဘယ်သူကပိုမှားပါတယ်လို့ဆိုခွင့်မရှိ
ငိုရင်းလွှင့်ခဲ့တဲ့ခပ်ပါးပါးအလံဖြူမှာ
မျက်ရည်စတွေစွန်းထင်းကျန်ရစ်
စိတ်ကူးသစ်တစ်စနဲ့အိပ်မက်ရတာ ငါပျော်တာပဲလေငါ့လက်ကိုဆွဲပါ
ငါ့နှလုံးသားကိုတွဲပါ
ချစ်ခြင်းကိုတွဲလွဲဆင်
လမ်းဘေးမှာငါဘုရင်.. လို့
ဒီလိုလဲရူးခဲ့ဖူးတယ်
ရင်ခွင်ထဲခဏတိုးခွင့်ပြုပါရှူးတိုးတိုး ကံကြမ္မာ
တိတ်တဆိတ် အခန်းတံခါးကိုမှိတ်
စောင်းသံတွေပိတ်.. မြူခိုးတွေတိတ်တဲ့အထိ
ငါ.. အိပ်ဦးမယ်ခပ်ပါးပါးမီးတစ်စနဲ့ ပူပေါင်းတစ်လုံးကိုထွန်းညှိ
ကောင်းကင်မှာလွင့်မျောရတဲ့အခါ
မင်းကိုပဲသတိရချင်တယ်ဒီတောင်ကိုကျော်ဖြတ်ပြီးရင်တော့
အီဂျစ်ပြည်ကြီးရဲ့နှလုံးသားဆီ
ကလီယိုပါထရာရှေ့အရောက်
အာဒံနဲ့ဧဝကိုခိုးပြေးကြမယ်..
လွမ်း.. လွင့်.. လွန်.. လိမ့်..
ချစ်သူရေ..
မြူခိုးတွေပါးလျားတုန်းတော့ညီအကိုမသိတသိနေရီရီမှာ
ချစ်လို့ရသေးတာပဲနော်Eunoia
YOU ARE READING
ငွေ့ရည်ဖွဲ့ကဗျာ - တကောင်း
Poetryလူသားတို့ဘာသာစကားနဲ့ပါပဲ သို့ပေမယ့် နှလုံးသားနဲ့နားမဆင်သရွေ့ သင်ဘာကိုမှကြားရလိမ့်မည်မဟုတ် တကောင်း